Pages

Subscribe:

Saturday, October 12, 2013

ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကြေး ငါးသိန်း စဉ်းစားပေးမည်ဟု ဦးတင်အေးပြော


ရန်ကုန်- ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲစရိတ်အဖြစ် ကော်မရှင်သို့ပေးသွင်းရသော ကျပ်ငါးသိန်းကို ပြန်လည်စဉ်းစားပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ အောက်တိုဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ၌ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပါတီကြေးငါးသိန်းကိစ္စက ကျွန်တော့်လုပ်ပိုင်ခွင့်ပါ။ စဉ်းစားပေးပါ့မယ်။ အပြီးလျှော်ချင်လည်း လျှော်လိုက်မယ်။ မယူရင်ဘာဖြစ်မယ်၊ ယူရင်ဘာဖြစ်မယ်ဆိုတာ စဉ်းစားပေးပါ့မယ်။ တချို့ပါတီတွေ မတတ်နိုင်ကြဘူးဆိုတာ သိပါတယ်”ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌဦးလှအောင်က “ပါတီကြေးငါးသိန်းက များလွန်းပါတယ်။ ကျွန်တော်တို့လို ပါတီသေးသေးလေးတွေက မတတ်နိုင်ကြပါဘူး”ဟု ပြောသည်။

သို့သော် ရွေးကောက်ပွဲစရိတ်အနေဖြင့် တစ်စုံတစ်ရာငွေကြေးမသတ်မှတ်ပါက ၀င်ရောက်ယှဉ်ပြိုင်မည့်သူ များလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

“သတ်မှတ်ချက်တစ်ခုတော့ ရှိဖို့လိုတယ်။ နိုင်ရင်ပြန်ပေးမယ်။ ရှုံးရင်ဘယ်လောက်ပြန်ရသင့်တယ်မျိုး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကြေးနှင့် ပတ်သက်၍ လျှော့ပေါ့ပေးရန် ပါတီငယ်လေးများက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲမှစ၍ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များသည် မှတ်ပုံတင်ကြေးအဖြစ် ကျပ် ငါးသိန်း ပေးဆောင်ရပြီး အဆိုပါ ကျပ်ငါးသိန်းမှာ နိုင်နိုင်၊ ရှုံးရှုံး ပြန်လည်မရရှိပေ။
(7day)
 

0 comments:

Post a Comment