Pages

Subscribe:

Tuesday, February 12, 2013

၂၀၁၅ ရွေးကောက်ပွဲ အတွက် အင်းအားကောင်းရန် ပြင်ဆင်နေသည့် မွန်နှစ်ပါတီ


လာမည့် (၂၀၁၅) ရွေးကောက်ပွဲမှာ မွန်တမျိုးသားလုံး ရှင်းရှင်းလင်း လင်း စည်းလုံးညီညွတ်စွာ မဲပေးနိုင်ဖို့နဲ့  မွန်အမျိုးသားရဲ့နိုင်ငံရေး ပိုမိုတောင့်တင်းခိုင်မာမှုရှိရန်အတွက် မွန်အမျိုးသား ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့က ပူးပေါင်းကြရန် ဆွေးနွေး ပြင်ဆင် နေကြကြောင်းသိရသည်။ 

ယခုရက်ပိုင်းအတွင်းမှာ ပါတီခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေး ကြတယ်၊ ပါတီပူးပေါင်းရေးအတွက် မူအရလက်ခံခဲကြတယ်။ 

အဓိကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတယ်ဖြစ်ပါတယ်လို့ AMRDP ဥက္ကဌ နိုင်ငွေသိန်း က  ဆိုပါတယ်။

အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းကလည်း“မဲပေးတဲ့ အချိန်မှာ မွန်လူမျိုးတွေကို မရောထွေးစေချင်ဘူး၊ ဒါ ကြောင့် ကျနော်တို့မှာ ပါတီတခုပဲ ရှိစေချင်တယ်၊ ပါတီ၂ ခုကို တခုအဖြစ် ပေါင်းလိုက်ရင် ပိုအားကောင်း မယ်ဆိုတာတော့ ပြောဖို့ မလိုဘူးထင်တယ်”လို့လည်း ဆိုပါတယ်။ 

နိုဝင်ဘာ (၁၈)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်တို့က မှတ်ပုံတင်ရန် ပြင်ဆင်နေမှုအပေါ် မွန်အမျိုးသားအနေနဲ့လည်း လာမည့် ရွေးကောက်ပွဲတွင် ပြင်ဆင်ထားရန် လိုအပ်သည် ဟု ယုံကြသောကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဟံသာကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အင်အား၊ တိုင်းရင်းသား များ၏ အင်အား ပူးပေါင်းနိုင်ပါက အစိုးရကို ဆွေးနွေးရေး စားပွဲဝိုင်းသို့ ဆွဲခေါ်ရာမှာ  ပိုမိုလွယ်ကူစေ မည်ဟု ပြောပါတယ်။ 

မွန်အမျိုးသား ဒီမိုကရေစီပါတီ (MNDF) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ  မဲဆန္ဒ နယ် ၅ ခုတွင် အနိုင်ရခဲ့သော ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ထားခဲ့တဲ့ ပါတီလည်းဖြစ် ပါသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ( AMRDP) သည်၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရ လွှတ် တော်သုံးရပ်၌ ကိုယ်စားလှယ် ၃၄ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရထားသော ပါတီ ဖြစ်ပါသည်။