Pages

Subscribe:

Friday, November 16, 2012

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရန် ဖွဲ့စည်းပုံ ပြင်ရန်လိုဟု ဒေါ်စု ပြော




 ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမှ ချီးမြှင့်သော ဆုများမှ ရန်ပုံငွေဖြင့် မတည်ထားသော Prospect Burma ကျောင်း တွင် မြန်မာဒုက္ခသည် ကျောင်းသားများနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)


၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်မှု၊ တရားမျှတမှုရှိရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရန် လိုအပ်ကြောင်း အိန္ဒိယရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်သည်။ 


“မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လား၊ မရောက်လား အဖြေသိချင်ရင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒရှိလား မရှိလား ဆိုတာအပေါ်မှာ မူတည်ပါတယ်။ အခြေခံ ဥပဒေကို မပြင်ပဲ လုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တယ်၊ တရားမျှတတယ်လို့ ပြောလို့မရဘူး၊ လွတ်လပ်ချင် လွတ်လပ်မယ် ဒါပေမယ့် တရားမျှတမှာ မဟုတ်ဘူး” ဟု အိန္ဒိယရောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

အိန္ဒိယရောက် မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲတွင် တွေ့ရစဉ်၊ ဓာတ်ပုံ၊ ဇာနည်မာန်/ဧရာဝတီ

ထို့အတူ ပြည်ထောင်စုစနစ် ဖြစ်ထွန်းရေး၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးအတွက် ပင်လုံညီလာခံကဲ့သို့ ညီလာခံမျိုး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကျင်းပရန်လိုအပ်ကြောင်းလည်း ပြောဆိုသည်။

Wednesday, July 18, 2012

၂၀၁၅ ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားလှယ်စနစ် အသုံးပြုရန် အာဏာရပါတီစိတ်ဝင်စားနေ

လက်ရှိအစိုးရအဖြစ် အာဏာရထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့် ၂၀၁၅ ပြည်လုံး ကျွတ်အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲဝင်အမတ်လောင်းများအား ရရှိသည့်မဲအရေအတွက် အပေါ် ရာခိုင် နှုန်း အရ အချိုးကျ ကိုယ်စားလှယ်စနစ်ဖြင့် လွှတ်တော်အမတ်များအားရွေးချယ်သတ်မှတ်ရန် စိတ်ဝင်စားနေပုံရ သည်ဟု ဆိုသည်။

နည်းဟောင်းအတိုင်း Winner take all လမ်းစဉ်ကိုသာ သွားမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို လုံးဝယှဉ်နိုင်မည်မဟုတ် ဟု ယုံကြည်ထားသောကြောင့် လည်းဖြစ်နိုင် ကြောင်း သုံးသပ်သူများရှိနေပါသည်။
၂၀၁၀ ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီမှ မဲများရေတွက်နေစဉ် (ဓါတ်ပုံ - the guardian)
၂၀၁၀ ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီမှ မဲများရေတွက်နေစဉ် (ဓါတ်ပုံ - the guardian)

Winner take all လမ်းစဉ်သည် ဥပမာ -(က) မြို့၌ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း နှစ်ယောက်အနက် တယောက် မှာ ထောက်ခံမဲ ၅၁ ရာခိုင်နှုန်း တယောက်မှာမူ ထောက်ခံမဲ ၄၉ ရာခိုင်နှုန်း ရရှိပါက ၅၁ ရာခိုင်နှုန်း ရရှိ သည့်ပုဂ္ဂိုလ်က လုံးဝအောင်နိုင်ဖြစ်၏။ ၄၉ ရာခိုင်နှုန်း ရရှိသူက လွှတ်တော်အတွင်း ရောက်ရှိလာနိုင်ခြင်း လုံးဝမရှိ တော့ပေ။

PR (Proportional Representation) ခေါ် အချိုးက စနစ်အား အသုံးပြုမည်ဆိုပါက - ဥပမာ လွှတ်တော် အမတ် ၁၀ ဦး အလိုရှိပြီး ယှဉ်ပြိုင်ပါတီ ၅ ပါတီ ။ ပါတီတခုက ၅၀% ၊ ကျန်ပါတီ နှစ်ခုအနက် တခုက ၃၀% ၊ ၂၀% ဖြင့် ထောက်ခံ မဲများရရှိလျှင် - ၅၀% ဖြင့်ထောက်ခံမဲရရှိသည့်ပါတီက ကိုယ်စားလှယ် ၅ ဦး၊ ၃၀% ခိုင်နှုန်းရရှိသည့် ပါတီက ၃ ဦး၊ ၂၀ % ခိုင်နှုန်းရရှိသည့်ပါတီက ၂ ယောက် - စသဖြင့် အောင်နိုင်သူများအားသတ်မှတ်ရမည်ဖြစ်သည်။

လက်ရှိအစိုးရကျောထောက်နောက်ခံပြုသည့် NGO အဖွဲ့အစည်းဟု လူသိများသည့် မြန်မာအီးဂရက် Myanmar Egress က ကမကထ ပြုပြီး မေ ၂၄ ရက်မှ ဂျွန် ၂၇ အထိ နိုင်ငံရေး ဆိုင်ရာသင်တန်းတရပ် ကျင်းပခဲ့ကြောင်း၊ အဆိုပါ သင်တန်း၌ အနောက်တိုင်းသား ကျွမ်းကျင်ပညာရှင် Larry Diamond မှ ရွေးကောက်ဆိုင်ရာ PR စနစ်အား ဦးစားပေး ရှင်းလင်းပို့ချသွားကြောင်း သိရသည်။ အဆိုပါ သင်တန်း၌ သင်တန်းသားများမှာ ၂၀၁၀ ရွေးကောက်ပွဲနိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ နှင့် ပြင်ပလေ့လာသူ ၅ ဦး ပါဝင်သည်ဟု ဆိုသည်။

ထို့ကြောင့် လက်ရှိအစိုးရမှ ၂၀၁၅ ရွေးကောက်ပွဲဆီသို့လှမ်းနေသည့်ခြေလှမ်းအပေါ် စောင့်ကြည့်လေ့လာစရာ ဖြစ်စေ ကြောင်း တိုင်းရင်းသားနိုင်ငံရေးအသိုင်းအဝိုင်းများက ပြောပါသည်။

ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာရွှေခါးက - အမျိုးသားလွှတ်တော်အဆင့်နှင့် ပြည်သူ့လွှတ်တော်အဆင့်တွင် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တစုံတရာဝေဖန်ဆုံးဖြတ်မှုများမလုပ်နိုင်သေးသော်လည်း ပြည်နယ်လွှတ်တော် တွင်မူအနည်းဆုံး နှစ်ကြိမ်နှစ်ခါ စဉ်းစားပြီးမှဆုံးဖြတ်ချက်ချသင့်သည်ဟုဆို၏။ အဘယ်ကြောင့်ဆိုသော် PR (Proportional Representation) စနစ်သည် ပြင်ပပါတီ (ဇာတိပါတီမဟုတ်သည့် NLD, USDP, NDF , ..ect ) မှ အမတ်များ က ဝင်ရောက်လာနိုင်သဖြင့် တိုင်းရင်းသားပြည်နယ်အတွင်း (ဒေသတွင်းပါတီများ) တိုင်းရင်း သားကိုယ်စားပြုပါတီများ ရသင့်ရထိုက်သည့်အမတ်နေရာများဆုံးရှုံးသွားစေနိုင်သောကြောင့် ဖြစ်သည်ဟု ပြောပါသည်။

သို့သော် လာမည့် ၂၀၁၅ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ၌ PR (Proportional Representation) စနစ်အသုံးပြုရေး အတွက် လွှတ်တော်အတွင်းဆုံးဖြတ်မည် မဆုံးဖြတ်မည် ဟူသည်ကိုတော့ မသိနိုင်သေးပေ။

အဘယ့်ကြောင့်ဆိုသော်၂၀၀၈ နားဂစ်ဖွဲ့စည်းပုံ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်၏ တာဝန်များအနက် ပုဒ်မ ၃၉၉ (စ) ၌ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်စသည်များ ကို သက်ဆိုင်ရာ ဥပဒေများ နှင့် အညီလည်းကောင်း ထုတ်ပြန်ခြင်း - စသည့်တို့ ပါရှိသောကြောင့် PR စနစ်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပိုင်ခွင့်အာဏာအပြည့်အ၀ ရရှိကောင်း ရရှိနိုင်ပေးလိမ့်မည်။

ထို့ကြောင့်လက်ရှိတွင် အစိုးရဖြစ်စေ၊ လွှတ်တော်ဖြစ်စေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်စေ တစုံတရာ ဆုံးဖြတ်ချက်မချသေးသော်လည်း ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာမှ ရေးဆွဲဆုံးဖြတ်မည်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်မှ ထပ်မံရေးဆွဲလာသည့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေအား လွှတ်တော်က ထောက်ခံ ပေးရမည်ဖြစ်သကဲ့သို့ ကန့်ကွက်ဟန့်တားမှုအားလည်းလုပ်နိုင်ပါသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီဝင် ပုဂ္ဂိုလ်တဦးက ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေ ကွာခြား မည်ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲက တိုင်းရင်းသားပါတီများသည် ပြည်ခိုင်ဖြိုးပါတီကို အဓိက ယှဉ်ပြိုင်ခဲ့ရ ပြီး ၂၀၁၅ မှာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အဓိက ယှဉ်ပြိုင်ရမည်။ NLD တွင် နိုင်ငံကျော် ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်း၊ လူအင်အားအပြင် ငွေကြေးအင် အားတောင့်တင်းခြင်းတို့ ကြောင့် တိုင်းရင်းသားပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် မည်သို့မည်ပုံ လက်တွဲမည်ကို အမျိုးသားဒီမိုကစီအဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီး နားလည်မှုပြုသင့်သည်။

သျှမ်း ဒီမိုကရေစီအစည်းအရုံး (SDU) အတွင်းရေးမှူး စိုင်းဝမ်းဆိုင် က - လက်ရှိတွင် NLD အနေဖြင့် ဂျာမနီ နိုင်ငံကဲ့သို့ ကျင့်သုံးသင့်ကြောင်း၊ ဂျာမနီတွင် ခရစ်ယန် ဒီမိုကရက်တစ်အစည်းအရုံး(Christian Democratic Union-CDU) ပါတီကြီးက မဟာမိတ်ပါတီဖြစ်သည့် (Christian Social Union-CSU) ပါတီ ရှိသည့် ဘာဗေရီးယား (Bavaria) ပြည်နယ်၌ လုံးဝသွားရောက်ယှဉ်ပြိုင်ခြင်းမပြုပေ။

ထို့အတွက်ကြောင့် NLD လည်း သျှမ်းတိုင်းရင်းဒီမိုကရေစီအဖွဲ့ချုပ် SNLD ကဲ့သို့ အခြားသော တိုင်းရင်းသား ဒီမိုက ရက်တစ်ပါတီများနှင့် မဟာမိတ်ဖြစ်သည့်အားလျော်စွာ မဟာမိတ်ပါတီများအားကောင်းသည့် တိုင်းရင်း သား နယ်မြေများ၌ ယှဉ်ပြိုင်မှုအချို့ရှောင်ရှားပေးသင့်ကြောင်း သို့မှသာ အနာဂတ်ပြည်ထောင်စုတည်ဆောက် ရေးအတွက် စည်းလုံးမှုတခု ဖြစ်စေသာမက အဘက်ဘက်ပါဝင်လာစေရေးအတွက်လည်း ဖြစ်စေမည်ဖြစ်ပါ သည်။

PR (Proportional Representation)စနစ်ကို ဥရောပ နိုင်ငံအများအပြား၌ ခေတ်စားနေကြပါသည်။ မြန်မာ့အိမ်နီး ချင်း ထိုင်းနိုင်ငံမှာမူ တဦးချင်းယှဉ်ပြိုင်အနိုင်ရသည့်စနစ်အပြင် PR စနစ်လည်း ပူးတွဲ ကျင့်သုံးသည်။

Sunday, March 11, 2012

အကျင့်ပျက်သော NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအားအမေစုထံတိုင်ကြားခြင်း (အိပ်ဖွင့်ပေးစာ)

အမေစုကတော့ NLD ပါတီကြီးကို ပြည်သူတွေယုံကြည်လက်ခံအောင် နေပူမရှောင်၊ မိုးရွာမရှောင် ကျန်းမာရေးမကောင်းတဲ့ကြားက တစ်နယ်ဝင်၊ တစ်နယ်ထွက်လို့ ကသင်းဘောင်မကျန် လယ်ကွင်း တစ်လျောက်သွားခဲ့တဲ့ မျက်နှာကိုမှမထောက် ဒေါ်စန္ဒာမင်းတစ်ယောက်ကတော့ လုပ်ချလိုက်ပါပြီ။ အမေစုကို မလိုလားတဲ့ ပြည်သူတစ်ချို့က အမျိုးဘာသာ သာသနာကို မစောင့်ထိန်းဘဲ နိုင်ငံခြားသားကို လက်ထပ်ယူ တာလေးတစ်ခုထဲနဲ့ အကောက်ကြံဖို့ ချောင်းနေတဲ့အချိန်မှာ အမေစု သမီးတစ်ယောက်က နောက်မီးလင်းပြီး လင်ငယ် နေတဲ့အကြောင်းကိုလည်း မသိကျိုးကျွံပြုကြမှာမဟုတ်ပါဘူး။


အမေစုရဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်နဲ့ ကျောင်းသားခေါင်းဆောင်ကြီး တစ်ယောက်က ဒီလိုဖြစ်နေတာကို နိုင်ငံခြားမှာနေထိုင်ခဲ့တဲ့ သူတွေအတွက် မပြောပလောက်ပေမယ့် မြန်မာနိုင်ငံရဲ့ အရေးပါလှတဲ့ နေရာမှာ ၀င်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း(အိမ်ထာင်ရှိ) ဒေါ်စန္ဒာမင်းလို လူမျိုးအနေနဲ့ကတော့ ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်။ ဗိုလ်ကြီးဟောင်း မောင်မောင်က ချို့ယွင်းချက် ရှိလို့များ ကိုဌေးကြွယ်အပေါ် သာယာမိလေသလားလို့ အမေစုမျက်နှာကိုမြင်ပြီး ဖြေတွေးလေး တွေးပေ မယ့် တိုင်းပြည်က ပြည်သူအများနဲ့ သက်ဆိုင်နေတာမို့ ဒီစာကို ရေးလိုက်တာပါ။
အမေစုအနေနဲ့ ဒေါ်စန္ဒာမင်းကို ပြောရင်လည်း ဒေါ်စန္ဒာမင်းအနေနဲ့ကလည်း အမေစုရဲ့ အရင်က လုပ်ရပ်တွေအပေါ် ပြန်ထောက်မှာလည်း စိုးရိမ်မိပါတယ်။ အမေစုသာ အောက်ခြေဆင်းပြီး စည်းရုံးဖို့ ပြောနေ ပေမယ့် ဒေါ်စန္ဒာမင်းကတော့ အောက်ခြေတင်မကဘူး ၀န်းရံထားတဲ့လူတွေကိုပါ ခန္ဓာကိုယ်ရင်းလို့ ပေးကျွေးပြီး စည်းရုံးနေပါပြီ။ ဒီလိုအကျင့်စာရိတ္တရှိတဲ့လူတွေကို အမေစုအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရွေးချယ်သင့်ဘူးလို့ထင်ပါတယ်။ နဂိုကတည်းက NLD ပါတီမှာ အကျင့်စာရိတ္တမလိုဘူး လူငယ်တွေပဲလိုတယ်လို့ ပြောနေတာကို ကြားနေရတဲ့အတွက် ဒီလိုလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်ကပါ လူမှုရေးဖောက်ပြန်ပြီး သိက္ခာကျင့်ဝတ်တွေမစောင့်စည်းပဲ ဖောက်ပြန်နေတာကိုအမေစု အနေနဲ့ ခွင့်လွှတ်လိုက်မယ်ဆိုရင် NLD ပါတီရဲ့နောင်ရေးအတွက် ရင်လေးစရာပါပဲ။ဒေါ်စန္ဒာမင်းရဲ့ လုပ်ရပ်တွေဟာ တစ်ဦးတစ်ယောက်တည်း ပြဿနာမဟုတ်ဘဲ ပါတီနိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖြစ်လာနိုင်တာမို့ အမေစုအနေနဲ့ သတိထားသင့်ပါတယ်။
နောက်ဆုံးတော့ အမေစုကို မလိုလားသူတွေက အမေစုရဲ့ သွန်သင်ဆုံးမနည်းပေးလမ်းပြမှုတွေကြောင့် ဒီလိုဖြစ်ရတာပါလို့တောင် ပုတ်ခတ်နိုင်ပါသေးတယ်။ မြန်မာစကားပုံအရ တပည့် မကောင်း ဆရာ့ခေါင်းဆိုတဲ့အတွက် အမေစုအနေနဲ့လည်း ကိုယ်တိုင်ရွေးချယ်ထားတဲ့လူတွေအပေါ်မှာ တာဝန်ယူရမှာဖြစ်တဲ့အတွက် အမေစုမှာလည်း တာဝန်မကင်းဘူးဆိုတာ အမေစုနားလည်မှာပါ ။ ပါတီက လူတွေ အကြောင်းတောင် မသိတဲ့သူက ပြည်သူတွေလိုအပ်ချက်ကို မသိဘူးလို့လည်း ထောက်ပြ လာနိုင်ပါတယ်။
NLD ပါတီက ပြည်သူလူထုအတွက် ဘာမှလုပ်မပေးနိုင်ခင်မှာပဲ အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး မကောင်းတဲ့သူတွေရှိနေတယ်လို့ အပြောမခံနိုင်လို့ပါ။ အမေစုကတော့ စည်းရုံးရေးခရီးစဉ်မှာ ပြည်သူကို ပြောရလို့ မောပန်းပြီး သွေးပေါင်ကျနေပေမယ့် ဒေါ်စန္ဒာမင်းတစ်ယောက်ကတော့ အမေစုကိုအံတုလို့ ကိုဌေးကြွယ်ကို လင်တစ်ယောက်လိုပြုစုနေတာ အမေစုသိပါစေလို့ပြောချင်ပါတယ်။

Myanmar Express

Thursday, March 8, 2012

အာဏာရှင် NLD ကို မဲမပေးပါနဲ့။ NLD အာဏာရသွားရင် ပြည်သူတွေအကုန်ဒုက္ခရောက်နိုင်တယ်

ကြက်တူရွေးကတော်တော်... မယ်ဘော်ကကဲကဲပါ။ NLD တံဆိပ်ကလေး တပ်လိုက်ရင်ပဲ ကိုယ့်ကိုယ်ကိုယ် အာဏာရှင်ဖြစ်သွားသယောင်ယောင်ထင်တတ်ကြတဲ့ စိတ်ဓာတ်တွေ။

ကျနော်တို့နိုင်ငံမှာ အဲဒီလိုပဲ နည်းနည်းလေး လွတ်လပ်တာနဲ့ အခွင့်ကောင်းယူ ဟိန်းဟောက် မာန်ဖီတတ်တဲ့ လူတွေအများကြီးပါပဲ။ ခု ဒီပုံထဲက လူဆိုရင် မိတ္ထီလာမှာ လမ်းဘေးရပ်သမျှ ဆိုင်ကယ်တွေကို ဆွဲထုတ်။ ကားတွေကို နေရာရွှေ့ခိုင်း။ မရွှေ့ပေးတဲ့ကားကို ဆဲဆို။

အမယ်...သူက ကားနံပတ်ကို ဓာတ်ပုံတောင်ရိုက်လိုက်သေး။ ဘာလုပ်မလို့လဲမသိ။ အဲဒါ ရဲစိတ်ပါ။ ရဲမာန်ပါ။ အရင်တုန်းက ဒီလိုမျိုးတွေကို ကြံ့ဖွံ့တွေလုပ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ခုချိန်မှာ ကြံ့ဖွံ့တွေက ငြိမ်နေပြီး NLD တံဆိပ်တပ်လူတချို့က ဒီလိုတွေလုပ်နေကြပါတယ်။

ဟိုကောင်မလာနဲ့။ ဒီကောင်အနားမကပ်နဲ့။ အဲ့နားမနေရ။ ဒီနားမရပ်ရ။ ကဲ.... ဒီလူတွေသာ အာဏာရလာရင် ဘယ်လိုဖြစ်လာမလဲလို့ တစ်ခါတလေ တွေးမိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလေးစားပါတယ်။ မပုတ်ခတ်ပါဘူး။ တချို့သော လူတွေကို ပြောနေတာဖြစ်ပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်တွေ ထောင်ကျနေတုန်းက ဒီလူတွေ ဘယ်ရောက်နေပါသလဲ။ ခေါင်းဆောင်တွေ ပါဝါပြန်ရလာချိန်မှာ ဒီလူတွေ ဇောင်းထလာပါတယ်။

လာမထိနဲ့ မီးပွင့်သွားမယ် ဘာမှတ်လဲဆိုတဲ့ အချိုးတွေချိုးလာနေတာကို တွေ့လာရပါတယ်။ ဒေါ်စုလမ်းကြောင်းနောက်ကို သတင်းလိုက်ယူလာတာ ခြောက်ခေါက်ရှိပါပြီ။ နေရာတိုင်းလိုလိုမှာ ဒီလိုလူတွေ တွေ့လာရလို့ နည်းနည်းထုတ်ပြလိုက်တာပါ။

ဒီပုံထဲက လူက မိတ္ထီလာကမဟုတ်ပါ။ ရန်ကုန်ကလိုက်လာတာပါ။ နယ်ခံတွေနဲ့ မော်တော်ပီကယ်တွေတောင် အေးဆေးခွင့်ပြုထားတဲ့အရာကို သူကလိုက်လံလုပ်ဆောင်နေပါတယ်။ လမ်းရှင်းတယ်ဆိုရင်လည်း အဲဒီမှာ မော်တော်ပီကယ်တွေရှင်းပေးနေပါတယ်။

မြို့တိုင်းမှာ ဒေါ်စုလမ်းကြောင်းဆို မော်တော်ပီကယ်တွေ ကူညီပေးနေကြပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ကိုယ့်အလုပ်ကိုယ်သိပါ။ NLD စွမ်းအားရှင်တွေ ဖြစ်နေကြပြီလား... ဒီလိုလူမျိုးတွေ အဖွဲ့ချုပ်ထဲမှာ ဘယ်လောက်ရောက်နေပါ သလဲ.... ???

ဟုတ်ကဲ့... ကျနော် ဥက္ကာကိုကိုပါ။ ဒီပုံကို ကျနော်ရိုက်လာတာပါ။ မကျေနပ်တာရှိရင် လာရှင်းနိုင်ပါတယ်။

credit: Myanmar Express

Tuesday, February 28, 2012

ပြည်ခိုင်ဖြိုး နဲ့ NLD ဘာကွာလဲ















"ကျွန်တော် တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်၊မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ"

ဦးဌေးဦး (အထွေထွေအတွင်းရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီ)


"သာမန်လူတစ်ယောက်ကလည်း ကိုယ့်ကိုကိုယ် ငါကနိုင်ငံရဲ့ ခေါင်းဆောင်ပဲဆိုတဲ့ စိတ်နဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးကြပါ။ မဲပေးတဲ့ နေ့မှာတော့ ပါတီကိုမလွဲစေနဲ့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးပါ"

ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ ၊ NLD )





credit: Myanmar Express