Pages

Subscribe:

Friday, September 27, 2013

အခြေခံဥပဒေမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်လို့ ဒေါ်စုပြော

2013-09-27 |

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင် ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေတယ်လို့ မဆိုနိုင်သလို၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင် ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေတယ်လို့ မဆိုနိုင်သလို၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ အန်အယ်လ်ဒီ ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။
“၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး၊ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်၊ မဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ်မဲထည့်ရင် မဲထည့်နိုင်လိမ်မယ်၊ ဒါပေမယ့် အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှမျှတနိုင်မှာမဟုတ်ဘူး၊ အဲဒီမမျှတတဲ့ ရလဒ်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်”
ဒါ့ပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် တပ်မတော်နဲ့ အရပ်သား နိုင်ငံရေးအဖွဲ့အစည်းတွေအကြား ထိတွေ့ဆက်ဆံမှုရှိဖို့ လိုအပ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေအပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အန်အယ်လ်ဒီ ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က ကောက်နှုတ်တင်ပြထားပါတယ်။
Ref:RFA

Saturday, September 21, 2013

ရွေးကောက်ပွဲမှာ ဘယ်သူတွေ မဲပေးပိုင်ခွင့်ရှိသလဲ


ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတွေကို သတ်မှတ်ဖို့ကတော့ ဥပဒေများနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး ဆက်စပ်ပါဝင် ဆောင်ရွက်ရမယ့် အဖွဲ့အစည်း/ဌာနတိုင်းမှာ တာဝန်ရှိပါတယ်။ အဲဒီတော့ ဥပဒေတွေမှာ ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုတာ လေ့လာသုံးသပ် ကြည့်ရအောင်ပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈ (က) မှာ ‘နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည်။’ (Every citizen shall have the right to elect and be elected in accord with the law.) လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပုဒ်မမှာ အခွင့်အရေးကို နှစ်မျိုးဖော်ပြ ထားပေမယ့် အဲဒီအခွင့်အရေး ခံစားခွင့် ရှိသူကိုတော့ ‘နိုင်ငံသား’ ဆိုတဲ့ စကားလုံး တစ်လုံးတည်းသာ သုံးစွဲထားပါတယ်။ မဲပေးပိုင်ခွင့်ရှိသူနဲ့ အရွေးခံပိုင်ခွင့် ရှိသူဟာ ဂုဏ်ရည်တူ တစ်ထပ်တည်းဖြစ်ပြီး လူတစ်ဦးဟာ မဲပေးပိုင်ခွင့် ရှိတယ်ဆိုရင် အရွေးခံပိုင်ခွင ရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ (နောင်ရွေးကောက်ပွဲ ဥပဒေများလို့ပဲ ခေါ်ဝေါ်သုံးစွဲပါမယ်) မှာတော့ မဲပေးပိုင်ခွင့်နဲ့ စပ်လျဉ်းပြီး ပုဒ်မ ၆ (က) မှာ ‘ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ’ တွေဟာ ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီရွေးကောက်ပွဲ ဥပဒေများရဲ့ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်နဲ့ စပ်လျဉ်းပြီး ပုဒ်မ ၈ (ခ) မှာ ‘နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသား ဖြစ်သူ’ သည်သာ ရွေးကောက် ခံပိုင်ခွင့်ရှိပြီး ပုဒ်မ ၁၀ (င) မှာ ‘မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသား’ သည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ဥပဒေများမှာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူနဲ့ ရွေးကောက်ခံပိုင်ခွင့် ရှိသူတို့ဟာ တစ်ထပ်တည်း မကျပါဘူး။ ဂုဏ်ရည်ချင်း မတူညီကြပါဘူး။ ပုဒ်မ ၆ (က) ရဲ့ သတ်မှတ်ချက်နဲ့ ပုဒ်မ ၈ (ခ)၊ ပုဒ်မ ၁၀ (င) တို့ရဲ့ သတ်မှတ်ချက်များဟာ မတူညီကြပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူနဲ့ ရွေးကောက် ခံပိုင်ခွင့် ရှိသူတို့ဟာ တစ်ထပ်တည်းဖြစ်တယ်၊ ဂုဏ်ရည်ချင်း တူတယ်ဆိုတဲ့ သဘောတရားနဲ့ ကွဲလွဲနေပါပြီ။

ဘယ်အပိုင်း၊ ဘယ်ပုဒ်မက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်ကွဲလွဲနေသလဲဆိုတာ အဖြေရှာဖို့ လိုပါတယ်။ ရွေးကောက်ပွဲ ဥပဒေများရဲ့ ပုဒ်မ ၆ (က) က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီတယ် ဆိုရင် ပုဒ်မ ၈ (ခ) နဲ့ ပုဒ်မ ၁၀ (င) တို့ဟာ ဆန့်ကျင်ကွဲလွဲတာ ဖြစ်မယ်၊ ဒါမှမဟုတ် ပုဒ်မ ၈ (ခ) နဲ့ ပုဒ်မ ၁၀ (င) တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင် ပုဒ်မ ၆ (က) က ဆန့်ကျင် ကွဲလွဲတာ ဖြစ်ပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုရမယ့် ကိစ္စဖြစ်နေတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ တာဝန်ဖြစ်လာပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈ (က) မှာ ပြဋ္ဌာန်းဖော်ပြထားတဲ့ ‘နိုင်ငံသား’ ဆိုတဲ့ စကားရပ်ဟာ မည်သူတွေ အကျုံးဝင်ကြောင်း အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရမှာ ဖြစ်ပါတယ်။

အဓိကကတော့ ရွေးကောက်ပွဲ ဥပဒေများရဲ့ ပုဒ်မ ၆ (က) မှာ ဖော်ပြထားသူများ အကျုံးဝင်။ မဝင် သိရှိလိုခြင်း ဖြစ်ပါတယ်။ ခုံရုံးကလည်း အမှုတင်သွင်းတဲ့သူရှိမှ ဆောင်ရွက်ရမှာပါ။ အဓိပ္ပာယ် ဖွင့်ဆိုပေးဖို့ ခုံရုံးကို တင်သွင်းခွင့် ရှိသူတွေကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၅ နဲ့ ၃၂၆ တို့အရ အောက်ပါပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်-

(၁) နိုင်ငံတော်သမ္မတ၊ (၂) ပြည်ထောင်စုလွှတ်တော် နာယက၊

(၃) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ (၄) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊

(၅) ပြည်ထောင်စု တရားသူကြီးချုပ်၊

(၆) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊

(၇) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ (နိုင်ငံတော်သမ္မတမှ တစ်ဆင့်)

(၈) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ (ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့်)၊

(၉) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ (သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတမှတစ်ဆင့်)၊

(၁၀) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းအရေ အတွက်ရှိသော ကိုယ်စားလှယ်များ (သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့်) အထက်ပါ တင်သွင်းခွင့်ရှိသူ တစ်ဦးဦးက တင်သွင်းလို့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကျပြီ ဆိုရင်တော့ ခုံရုံးရဲ့ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီညွတ်တဲ့ ရွေးကောက်ပွဲ ဥပဒေများရဲ့ ပုဒ်မများကို ပြင်ဆင် ပြဋ္ဌာန်းဖို့ကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ပြီးလျှင်တော့ ဥပဒေ ပြဋ္ဌာန်းချက်များနဲ့အညီ ဆက်စပ်ပါဝင်ဆောင် ရွက်ရမယ့် အဖွဲ့အစည်း/ဌာနများက ဆက်လက်ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။

ဒါကတော့ ‘ရွေးကောက်ပွဲမှာ ဘယ်သူတွေ မဲဆန္ဒပေးပိုင်ခွင့်ရှိသလဲ’ ဆိုတဲ့ ကိစ္စမှာ ပြည်သူတစ်ဦးအနေနဲ့ တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ သိမြင်သမျှကို တင်ပြလိုက်ခြင်းပါ။ တာဝန်ရှိသူများ အနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး လွှဲချမနေဘဲ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် မိမိသက်ဆိုင်တဲ့၊ ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း တင်ပြအပ်ပါတယ်ခင်ဗျာ။

(ခင်ဌေး)
 

Tuesday, September 17, 2013

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တရားဝင်မှတ်ပုံတင်မည်

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့်နှစ်လအတွင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။

၈ လေးလုံး အရေးတော်ပုံကာလနောက်ပိုင်း ကျောင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ အဲဒီလိုမှတ်ပုံတင်နိုင်ဖို့အတွက် အစိုးရအဖွဲ့တာဝန်ရှိသူတွေအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်လို့ ရက်အတိအကျ မသတ်မှတ်ရသေးဘူး၊ လောလောဆယ်တော့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဆွေးနွေးတဲ့အခါကျတော့ ကျနော်တို့ကို အချက် ၆ ချက်ပေါ့နော် သူတို့ကတိပေးထားပါတယ်၊ ကျနော်တို့ကတော့ တည်ဆဲဥပဒေအရ ပါတီကိုမှတ်ပုံတင်ရမှာဖြစ်ပါတယ်၊ မှတ်ပုံတင်နိုင်ဖို့အတွက်ကို ရွေးကောက်ပွဲကော်မတီနဲ့လည်း နှစ်ကြိမ်တိတိတွေ့ပြီးပါပြီ ”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၉ဝ ရွေးကောက်ပွဲအပြီး နောက်ပိုင်း တရားဝင်ပါတီအဖြစ်မှ ပယ်ဖျက်ခံရပြီး ထိုင်း-မြန်မာနယ်စပ်ကို ပြောင်းရွှေ့အခြေစိုက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

RFA

Tuesday, September 10, 2013

လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီအခင်းအကျင်း နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) သွားရန် အဆင်မပြေနိုင်သေးဟု UNFC အတွင်းရေးမှူးဆို



လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံ ရေးနှင့် ပြုပြင်ပြောင်းလဲလာ သော ဒီမိုကရေစီအခင်းအကျင်း အရသော်လည်းကောင်း၊ စစ်မှန် တိကျသော ဖက်ဒရယ်စနစ်ထူ ထောင်ခြင်းမပြုနိုင်သေးသော် လည်းကောင်း အချိုးကျကိုယ်စား ပြုမှု ရွေးကောက်ပွဲစနစ် (PR) ကို သွားရန် တိုင်းပြည်အနေအထား ဖြင့် သင့်တော်ခြင်းမရှိကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန် ဥက္ကာက ဆိုသည်။
““PR နဲ့ပတ်သက်ပြီး ရွေး ကောက်ပွဲဥပဒေတွေနဲ့ လေ့လာ ခဲ့တယ်။ နောက်ပြီးတော့ PR ကျင့်သုံးတဲ့တိုင်းပြည်တွေကိုလည်း သွားလေ့လာဖူးတယ်။ PR စနစ် ရဲ့ လက္ခဏာကတော့ တကယ် တမ်းအားဖြင့် ကျွန်တော်တို့ နိုင်ငံ အနေအထားနဲ့ကြည့်ရင် တိုင်း ပြည်မှာဒီမိုကရေစီအခင်းအကျင်း နဲ့ (သို့မဟုတ်) ဖယ်ဒရယ်စနစ် အတိအကျနဲ့ တိုင်းပြည်ကိုထူ ထောင်ပြီးပြီဆိုရင်တော့ ဒီစနစ် က သိပ်မဆိုးဘူး။ ဥပမာ ဂျာမနီ မှာ သုံးတာကိုလေ့လာကြည့် တော့ သူက စစ်မှန်တဲ့ ဒီဖယ်ဒ ရယ်စနစ်အောက်မှာ ဖြစ်နေ တယ်။ နောက်ဒီမိုကရေစီစနစ်ကို လည်း အပြည့်အ၀ကျင့်သုံးနေ တယ်။ အဲဒီလို အခြေအနေမျိုး မှာ PR စနစ်ကိုသုံးတော့ အဆင် ပြေမှုရှိတယ်။ ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံမှာတော့ ဘာမှခိုင်မာ ရေရာတဲ့ပုံစံမရသေးဘူး။ ဒါက နံပါတ် (၁) အချက်၊ နံပါတ် (၂) အချက်က ကျွန်တော်တို့ နိုင်ငံ သားတွေဟာ သက်ဆိုင်ရာရွေး ကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတအမြင် အားနည်းနေ သေးတယ်။ ဒီတော့လက်ရှိတိုင်း ပြည်အနေအထားအရ လုံးဝ အဆင်မပြေနိုင်သေးဘူး။ လက်ရှိ မြန်မာပြည်သူတွေရဲ့ ဗဟုသုတ အသိအမြင်က ကိုလိုနီစနစ်က ထွက်ခါစဖြစ်တော့ ပါလီမန်စနစ် အောက်မှာပဲရှိနေသေးတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ လုပ် ထုံးလုပ်နည်းကို နည်းနည်းပါးပါး  နားလည်ကြတယ်”” ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာမှ ပြောကြားသွား ခဲ့သည်။
အဆိုပါအချိုးကျကိုယ်စားပြု မှုစနစ် PR နှင့် ပတ်သက်၍ ဆွေးနွေးမှုများအား သက်ဆိုင်ရာ ပါတီကြီးများအလိုက်သော်လည်း ကောင်း၊ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်နှင့် တိုင်းရင်း သားပါတီများတွေ့ဆုံ၍သော် လည်းကောင်း ဆွေးနွေးမှုများရှိ သော်လည်း အများစုကမူ ယင်း အချိုးကျကိုယ်စားပြုမှုစနစ် PR အားလာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး၌ ကျင့်သုံးရန် လိုမှု သဘောတူညီချင်းမရှိခဲ့ကြ ဘဲ အချို့သော တိုင်းရင်းသား ဒေသများမှ တိုင်းရင်းသားပါတီ ငယ်များကမူ ယင်းတို့၏ အခန်း ကဏ္ဍအတွက် ယင်း PR စနစ်သို့ သွားရန် ဆန္ဒရှိလျက်ရှိနေကြ သည်။         

(hot news)

Monday, August 19, 2013

ကချင်တိုင်းရင်းသားကိုယ်စားပြု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ကိုဒေါက်တာတူးဂျာ ဦးဆာင်၍ မှတ်ပုံတင်မည်




မကြာမှီ ကချင်တိုင်းရင်းသားကိုယ်စားပြုပါတီအဖြစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(Kachin State Democracy Party)အဖြစ်၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း တသီးပုဂလလွတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာတူးဂျာက HotNews weekly ကိုယနေ့ပြောကြားလိုက်ပါတယ်

ကျွန်တော်KIO အဖွဲ့ကို၁၉၇၅ ခုနှစ်ဇွန်(၃၀)ရက်နေ့မိုးကောင်းမြို့ ကနေတဆင့်ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။အဲဒီအချိန်က သွားဘက်ဆက်ဆိုင်ရာဆရာဝန်ပါ။ KIO မှာဆေးရုံအုပ်လုပ်ခဲ့ပါတယ်။KIOကိုယ်စားလှယ်အဖွဲ့၏အတွင်းရေးမှူးအဖြစ် ယိုးဒယား၊ မာနယ်ပလောဘက်မှာကိုးနှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၉၂/၉၃/၉၄ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အမျိုးသားညီလာခံကိုလည်း လေ့လာသူ အဖြစ်တက်ရောက်ခဲ့ပါတယ်။၂၀၀၃ သြဂုတ်လမှာRoad Map ပေါ်လာတော့ကျွန်တော်အပါအ၀င် (၅)ဦးတက်ခဲ့ပါတယ်။၂၀၀၈ မှာ အခြေခံဥပဒေပေါ်လာပြီဖြစ်တယ်။ဒါကြောင့်ကျွန်တော် ၂၀၀၉ စက်တင်ဘာ (၉)ရက်နေ့မှာKIO အဖွဲ့ ဒုဥက္ကဌ (၂)တာဝန်မှ နုတ်ထွက်ခဲ့ပြီး KSPP ပါတီကိုတရားဝင်တည်ထောင်မှတ်ပုံတင်ခဲ့ပါတယ်။ဒါပေမဲ့ ကေအိုင်အိုမှအသွင်ကူးပြောင်းလာလို့ဆိုပြီး ပါတီမှတ်ပုံတင်ထုတ်မပေးခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာတစ်သီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်အရွေးခံဖို့ကြိုးစားခဲ့ရာ မှာတော့မိုးကောင်းမြို့နယ်လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပါတယ်။ သို့သော်ရွေးကောက်ပွဲကျင်းပရန်(၉)ရက်အလိုတွင် နယ်မြေလုံခြုံရေးအရဆိုပြီး ရွေးကောက်ပွဲပြုလုပ်ရန် ရပ်ဆိုင်းထားခဲ့ပါတယ်။

ယခုအခါတစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်မှတရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ရွေးကောက် ပွဲကော်မရှင်မှလည်းတရားဝင်နုတ်ထွက်ခွင့်ပြုကြောင်းစာကို ကျွန်တော်ရရှိပြီးဖြစ်ပါတယ်။

ကျွန်တော်ဟာသူများတွေထူထောင်ထားတဲ့ပါတီကိုဝင်ဘို့ ကေအိုင်အိုမှနုတ်ထွက်ခဲ့တာမဟုတ်ပါဘူး။

ကချင်တိုင်းရင်းသားကိုယ်စားပြုပါတီတစ်ရပ်ထူထောင်ဖို့စောင့်ဆိုင်းနေခြင်းသာဖြစ်ကြောင်း၊ဒါကြောင့် သမိုင်းပေးတာဝန်အရ ကချင်တိုင်းရင်းသားပါတီတစ်ခုအဖြစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ကိုမကြာမှီ မှတ်ပုံတင်ထူထောင်သွားမှာဖြစ်ကြောင်း ဒေါက်တာ တူးဂျာမှ ပြောကြားခဲ့ကြောင်း တင်ပြလိုက်ရပါသည်။