Pages
Subscribe:
Sunday, August 18, 2013
လာမည့်ရွေးကောက်ပွဲ PR စနစ်ကျင့်သုံးပါက ဖက်ဒရယ်ယူနီယံပါတီထူထောင်မည်
၂၀၁၅ ရွေးကောက်ပွဲ PR စနစ်ကျင့်သုံးပါက ကိုယ်စားလှယ်အရေအတွက်များများရရှိရေးအတွက် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရယ်ယူနီယံပါတီ(FUP)အဖြစ်ထူထောင်သွားမည်ဟု တိုင်းရင်းသားပါတီများထံမှ သိရရှိရသည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးပါက ကိုယ်စားလှယ်အရေအတွက်များများ အနိုင်ရနိုင်ရန်အတွက် ညီနောင် တိုင်းရင်းသားပါတီ(၁၅)ပါတီစုပေါင်း၍ ဖက်ဒရယ်ယူနီယံပါတီအဖြစ် ပြောင်းလဲထူထောင်၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ အင်း တိုင်းရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်၏ပြော ကြားချက်အရသိရသည်။
“၂၀၁၅ရွေးကောက်ပွဲကိုဒီပါတီ နဲ့ဝင်ပြိုင်မှာပါ။ ဒါမှရွေးခြယ်တင်မြှောက်ပွဲမှာ PRစနစ်သုံးခဲ့ရင် ကျွန်တော်တို့ ကိုယ်စားလှယ် အရည်အတွက်များများရမှာပါ၊ အခုလက်ရှိတော့ဖွဲ့စည်းပုံဥပဒေကိစ္စ၊ တိုင်းရင်းသားအခွင့်အရေးကာကွယ်ရေးကိစ္စရပ်တွေရယ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်တွေကိုပဲ အဓိကထားဆောင်ရွက်နေပါတယ်” ဟုအင်းအမျိုးသားဖွံ့ဖြိုးတိုက်ရေးပါ တီဥက္ကဌလည်းဖြစ် အင်းတိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ် သူဦးဝင်းမြင့်ပြောသည်။
ထိုသို့ လုပ်ဆောင်ခြင်းမှာ တိုင်းရင်းသားပါတီများအတွက် ပိုမိုကောင်းမွန်သည့် ပေါင်းစည်းမှုတစ်ခုဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက်ကောင်းမွန်သည့် အကျိုးဆက်များဖြစ်ထွန်းလာနိုင်ကြောင်း ချင်းအမျိုးသားပါတီဥက္ကဌဦးဇိုဇမ်က ပြောသည်။ 
“တိုင်းရင်းသားအချင်းချင်းပေါင်းစည်းမှု၊စည်းလုံးညီညွတ်မှုကိုအခြေခံပါတယ်၊ရလဒ်ကောင်းတွေပေါ်ထွက်လာနိုင်အရမ်းကောင်းမှာပါ”ဟု ၄င်းကဆိုသည်။
အဆိုပါဖက်ဒရယ်ယူနီယံပါတီကိုပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေက ရွေးကောက်ပွဲကော်မရှင်ထံတင်ပြဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်အတွက် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
Thursday, August 8, 2013
၂ဝ၁၅ ရွေးကောက်ပွဲဝင်ဖို့ ညီနောင်တိုင်းရင်းသားပါတီ မှတ်ပုံတင်တော့မည်
forming-the-federal-union-party-305.jpg
ဖက်ဒရယ်ယူနီယံပါတီ(FUP)တည်ထောင်ဖို့ ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)က၊ တောင်ကြီးမြို့မှာ ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံဆွးနွေးပွဲကျင်းပခဲ့စဉ်
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ယူနီယံပါတီ (FUP) ကို အခုသြဂုတ်လအတွင်း မှတ်ပုံတင်သွားမယ်လို့ မနေ့က ရန်ကုန်မြို့၊ လမ်းမတော်ကွန်ဒိုမှာပြုလုပ်တဲ့ ဖက်ဒရယ်ယူနီယံပါတီ တည်ထောင်ရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဖယ်ဒရယ်ယူနီယံပါတီကို အခုလအတွင်းမှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး FPUပါတီက ပြောရေးဆိုခွင့်ရသူ ဦးစောသန်းမြင့်က RFAကိုအခုလိုပြောပါတယ်။
"မကြာခင်မှာ ပါတီသစ်ကို မှတ်ပုံတင်မယ့် ကိစ္စလေးတွေ ကျနော်တို့ လျာထားတာပေါ့လေ၊ ဒါပေမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေကို အခုမှစတွေ့တယ်ဆိုတော့လေ၊ အားလုံးတော့ အမြန်ဆုံးတင်နိုင်ဖို့တော့ ကြိုးစားကြမယ်လို့ မနေ့က ဆုံးဖြတ်ထားကြတာပေါ့နော်၊ အခုလက်ရှိ သူတို့လျာထားတဲ့ဥစ္စာတွေက သူတို့ပါတီက အရင်ဆုံးထွက်ပြီးတော့ အခုဖွဲ့မည့်အထဲကို ဝင်ရတာပေါ့နော်”
လာမယ့် ၂၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားညီနောင်ပါတီတွေ ဝင်ရောက်မယှဉ်ပြိုင်နိုင်တဲ့ မြေပြန့်ဒေသက တိုင်းရင်းသားတွေရဲ့ မဲဆန္ဒတွေရရှိနိုင်ဖို့အတွက်လည်းရည်ရွယ်ပြီး ဖက်ဒရယ်ယူနီယံပါတီ FUP ကို တည်ထောင်ရတာဖြစ်တယ်လို့ သိရပါတယ်။
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးအဖွဲ့င်ပါတီတွေကတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီစတဲ့ပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားတာပါ။ အခုအသစ်ဖွဲ့ထားတဲ့ ဖက်ဒရယ်ယူနီယံပါတီအဖွဲ့င်အဖြစ် အဲဒီ ၁၅ ပါတီက အနည်းဆုံးတစ်ပါတီကို တစ်ယောက်အဖွဲ့င်ဖြစ်ရမှာဖြစ်ပြီး မိခင်ပါတီက နှုတ်ထွက်ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဆွေးနွေးညှိနှိုင်းမှုတွေအပြီး ဖက်ဒရယ်ယူနီယံပါတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
Monday, July 22, 2013
၂၀၁၅ ရွှေးကောက်ပွဲမှာ မျှတမှုရှိအောင် ကြိုစားမယ်ဟု ဦးရွှေမန်းပြော
၂၀၁၅ ​ခုနှစ် ​အထွေထွေရွေးကောက်ပွဲကို ​တရားမျှတမှု ​အရှိဆုံးဖြစ်အောင်လုပ်ဆောင်ဖို့နဲ့ ​၂၀၀၈ ​ခုနှစ်ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်နိုင်ရေးကိစ္စတွေအတွက် ​ပြည်သူ့လွှတ်တော်ဥက္ကဌ ​သူရဦးရွှေမန်းနဲ့ ​ဒေါ်အောင်ဆန်းစုကြည်တို့ ​ဟာ ​နှစ်ဦး ​ပူးတွဲပြီးတော့ ​ဇူလိုင်လ ​၁၈ ​မနက်ပိုင်းမှာ ​ပြည်သူ့လွှတ်တော်မှာ ​သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
၂၀၀၈ ​ခုနှစ်ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်နိုင်ရေး ​ကိစ္စကို ​ဒေါ်အောင်ဆန်းစုကြည်က ​အလေး ​ထား ​ပြောခဲ့ပြီးတော့ ​၂၀၁၅ ​ခုနှစ် ​အထွေထွေရွေးကောက်ပွဲ ​ကို ​တရားမျှတမှု ​အရှိဆုံးဖြစ်အောင် ​လုပ်သွားမယ် ​ဆိုပြီး ​တော့ ​လည်း ​ပြည်သူ့ ​လွှတ်တော် ​ဥက္ကဌ ​သူရ ​ဦးရွှေမန်း ​ကပြောပါတယ်။
၂၀၁၅ ​ရွေကောက်ပွဲမတိုင်ခင်မှာ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်ပြီးရင် ​ပြည်သူကရွေးချယ်တဲ့ ​လူကို ​သမ္မတ ​အဖြစ် ​လက်ခံရ ​မှာဖြစ်တယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောခဲ့ပါတယ်။
အခုလို ​ပြည်သူ့ ​လွှတ်တော် ​ဥက္ကဌ ​နဲ့ ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​လည်းဖြစ်၊ ​အမျိုးသားဒီမို ​ကရေစီ ​အဖွဲ့ချုပ် ​ဥက္ကဌ ​လည်း ​ဖြစ်တဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​တို့ ​၂ ​ဦးဟာ ​ပထမဆုံး ​အကြိမ် ​ပူးတွဲ ​သတင်းစာ ​ရှင်းလင်း ​ပွဲ ​ပြုလုပ်တာလည်း ​ဖြစ်ပါတယ်။
၂၀၁၅ ​မှာ ​နိုင်ငံတော် ​ဒေါ်အောင်ဆန်းစုကြည် ​နိုင်ငံတော် ​သမ္မတ ​ဖြစ်လာဖို့ ​အတွက် ​နဲ့ ​လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲ ​တစ်ရပ် ​ဖြစ်ဖို့ဆိုရင် ​ဖွဲ့စည်းပုံ ​ပြင်ဆင်ဖို့ ​ကို ​အဓိကလုပ်ဆောင်ပေးပါလို့ ​ဒေါ်အောင်ဆန်းစုကြည် ​က ​သတင်းစာရှင်းလင်း ​ပွဲ ​အတွင်းမှာ ​တရားဝင် ​အခုလို ​တောင်းဆို ​ခဲ့ပါတယ်။
တကယ်ဆိုလို့ရှိရင် ​မှန်မှန်ကန်ကန် ​ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် ​မျှတအောင်လုပ်ပေးရမှာပေါ့၊ ​အဲတော့ ​ဥက္ကဌကြီးအနေနဲ့ ​ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုလို့ရှိရင် ​ကျမသမ္မတဖြစ်နိုင်အောင်လို့ ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြောင်းလဲရေးကိုလည်း ​လုပ်ပေးရမှာပေါ့၊ ​အဲဒီလိုမလုပ်ပေးရင် ​အဲဒါကမှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ​ဒီလိုပဲကျမက ​သတ်မှတ်ရမှာပဲ၊
ဒေါ်အောင်ဆန်းစုကြည်က ​အခုလို ​၂၀၁၅ ​မှာ ​ သူ့အနေနဲ့ ​သမ္မတ ​ဖြစ်ဖို့ ​အလား ​အလာတွေ ​အများကြီးရှိတယ်လို့ ​ပြောဆိုလာတဲ့ ​အပေါ်မှာ ​သူရ ​ဦးရွှေမန်း ​ကလည်း ​အခုလို ​တုန့်ပြန်ပြောဆိုခဲ့ပါသေးတယ်။
" ​လာမယ့်ရွေးကောက်ပွဲမှာ ​တစ်ဖက်က ​အနိုင်ရရှိအောင် ​လုပ်မယ် ​လို့ပြောပါတယ်။ ​အဲ့ဒီ့တော့ ​ဥက္ကဋ္ဌအနေနဲ့ပြောချင်တာကတော့ ​ပိတ်ကားပေါ် ​မှာ ​စောင့်ကြည့်ပါပေါ့နော်။ ​နောက်တခု ​က  ​ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ​လာမယ့်ရွေးကောက်ပွဲမှာ ​အမျှတဆုံးဖြစ်အောင် ​ဥက္ကဋ္ဌ ​လုပ်ပေးပါဆိုတာကို ​အဖြစ်နိုင်ဆုံး၊ ​အမျှတဆုံးဖြစ်အောင်ဥက္ကဋ္ဌကြီးက ​ကြိုးစားပါ့မယ်။ ​"
မကြာသေးခင် ​ကပြည်သူ့လွှတ်တော် ​ဥက္ကဌ ​သူရ ​ဦးရွှေမန်း ​က ​လာမဲ့ ​၂၀၁၅ ​ရွေးကောက်ပွဲမှာ ​ပြည်ခိုင်ဖြိုး ​အနေနဲ့ ​မဲ ​အပြတ်အသတ် ​နဲ့နိုင်ဖို့ ​မရှိဘူးဆိုရင် ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​နဲ့ ​ညွှန့်ပေါင်း ​အစိုး ​ရ ​ဖွဲ့ ​နိုင်ဖို့ ​အသင့် ​ရှိတယ်လို့ ​အမေရိကန် ​နိုင်ငံကို ​သွားရောက်စဉ်တုန်း ​က ​ပြောခဲ့ပါတယ်။
သူရ ​ဦးရွှေမန်းနဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​တို့ဟာ ​လာမဲ့ ​၂၀၁၅ ​အထွေထွေ ​ရွေးကောက်ပွဲ ​မှာ ​နိုင်ငံတော် ​သမ္မတ ​ဖြစ်ချင်တယ်ဆိုပြီး ​ပြောဆိုထားမှု ​တွေ ​လည် ​ရှိတဲ့ ​အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​တင်ထွဋ်နိုင် ​က ​သတင်းပေးပို့ ​ထားပါတယ်။
Wednesday, June 26, 2013
အချိုးကျ ကိုယ်စားပြု ပီအာစနစ်ကို အကောင်အထည်ဖော်ရန် သမ္မတအကြံပေး အဖွဲ့က သမ္မတအား တိုက်တွန်းထားသော်လည်း စနစ်မှာ ရှုပ်ထွေး၍ ရွေးကောက်ပွဲ ကော်မရှင်မှ မလုပ်လို
6.24.1
အချိုးကျ ကိုယ်စားပြု စနစ်အား အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတအား သမ္မတ၏ အကြံပေးအဖွဲ့မှ တိုက်တွန်းထားကြောင်း The Educational Initiatives မှ Mr. Igor Blazevic က ပြောကြားသည်။
''သမ္မတရဲ့ အကြံပေးအဖွဲ့နဲ့တွေ့တော့ သူတို့က ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတယ်လို့ ပြောခဲ့တယ်။ ရွေးကောက်ပွဲကော်မရှင်က လူတွေနဲ့ စကားပြောကြည့်တော့ ဒီစနစ်က အရမ်းရှုပ်လို့ မလုပ်ချင်ဘူး ပြောပါတယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။
''အချိုးကျ ကိုယ်စားပြု စနစ်မှာဆိုရင် မဲဆန္ဒနယ် အကြီးကြီး သတ်မှတ်ပြီး ကိုယ်စားလှယ် ၁၀ ဦးဆိုပါတော့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရာခိုင်နှုန်း ၅၀ မဲရမယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရာခိုင်နှုန်း ၃၀ မဲရမယ်။ ကျန်တဲ့ ပါတီငယ်လေးတွေနဲ့ တိုင်းရင်းသားပါတီတွေက ရာခိုင်နှုန်း ၂၀ ရမယ်ဆိုရင် ပါတီတိုင်း လွှတ်တော်အတွင်း ရောက်သွားမယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။
ပီအာစနစ်ကို ကျင့်သုံး အကောင်အထည်ဖော်မည် ဆိုပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ အနေအထားများအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲရာခိုင်နှုန်း ၄၀ ခန့်၊ လက်ရှိအာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲရာခိုင်နှုန်း ၂၀ ခန့်နှင့် ကျန်ပါတီငယ်များမှာ ရာခိုင်နှုန်း ၂၀ ခန့် မဲရနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
''အချိုးကျ ကိုယ်စားပြုစနစ်က သူ့ဘာသာဆိုရင် မဆိုးပေမယ့် မြန်မာနိုင်ငံအတွက် ဆိုးနေတာက လွှတ်တော်တွင်းမှာ တပ်မတော်သား ရာခိုင်နှုန်း ၂၅ ရှိနေတာပါ။ ပြည်ခိုင်ဖြိုးအနေနဲ့ အခုထက် ပိုကြိုးစားရင် ၂၀၁၅ မှာ ရာခိုင်နှုန်း ၂၀ အထက် ရသွားနိုင်တယ်။ ရှိနှင့်ပြီးသား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင် ၅၀ ရာခိုင်နှုန်းနီးပါး ဖြစ်သွားမယ်။ သူတို့ အစိုးရဖွဲ့ဖို့လိုတဲ့ ငါးရာခိုင်နှုန်းလောက်ကို ပါတီငယ်လေးတွေနဲ့ တိုင်းရင်းသား ပါတီတွေဆီကနေ မက်လုံးပေးတာမျိုးဖြစ်ဖြစ်၊ မင်း မဲဆန္ဒနယ်တွေကို ဘာမှ ထောက်ပံ့ မပေးဘူးဆိုတာမျိုး ခြိမ်းခြောက်တာမျိုး ဖြစ်ဖြစ်နဲ့ အစိုးရအဖွဲ့ ဖွဲ့နိုင်အောင် လုပ်သွားလိမ့်မယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ပါတီငယ်များ များပြားနေရန် လိုအပ်ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လက်ရှိကာလတွင် ပါတီငယ်များ ဖွဲ့စည်းစေရန် လုပ်ဆောင်စေမည်ဖြစ်ပြီး ထိုသို့ ပါတီငယ်များ များပြားလာခြင်းဖြင့် ပြိုင်ဘက် အတိုက်အခံ ပါတီ၏ မဲရရှိမှုကို လျော့ချနိုင်မည် ဖြစ်သကဲ့သို့ အစိုးရအဖွဲ့ဖွဲ့ရန် လိုအပ်နေသည့် မဲများကိုလည်း ရယူနိုင်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
''အခုအချိန်မှာ အစိုးရအဖွဲ့ အနေနဲ့ လူတိုင်းကို ပါတီထောင်စေ ချင်နေမှာပဲ။ ဒီလို ပါတီတွေများလာရင် ပါတီရပ်တည်နိုင်ဖို့ ရန်ပုံငွေ အခက်အခဲတွေ များလာနိုင်သလို သူတို့အနေနဲ့ အတိုက်အခံ ပါတီကိုလည်း မဲရရှိမှု လျော့ချနိုင်လိမ့်မယ်'' ဟု Mr. Igor Blazevic က ဆက်လက် ပြောကြားသည်။
လက်ရှိ အာဏာရပါတီ အနေဖြင့် ပါတီငယ်များ အများအပြား ထူထောင်ရန် လုပ်ဆောင်မည် ဖြစ်သော်လည်း ပါတီငယ်များ စုပေါင်း၍ အတိုက်အခံ အင်အားစု တစ်ခုအဖြစ် ကြီးထွားလာမည်ကို နှစ်လိုမည် မဟုတ်ဘဲ ထိုသို့ ညွန့်ပေါင်းအင်အားစု တစ်ခုအဖြစ် ပေါ်ထွက်မလာစေရန် ကြံဆောင်မည် ဖြစ်ကြောင်းလည်း ယင်းက သုံးသပ်သည်။
''အချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည် ပေါ်လာတာနဲ့ ပါတီငယ်လေးတွေ သူတို့ဆွဲဆောင်မှုနောက် ပါမသွားအောင် အတတ်နိုင်ဆုံး ကာကွယ်ရမယ်'' ဟု Mr. Igor Blazevic က ဆက်လက် ပြောကြားခဲ့သည်။
အချိုးကျ ကိုယ်စားပြုစနစ်အား မြန်မာနိုင်ငံတွင် ကျင့်သုံးရန် လက်ရှိ အာဏာရပါတီ အပါအ၀င် ပါတီငယ်အချို့မှ လိုလားနေသော်လည်း အင်အားကြီး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများမှာ အဆိုပါ စနစ်အား လက်မခံနိုင်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။
(eleven)
Tuesday, June 25, 2013
ပီအာစနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်သို့ဆောင်ရွက်ရန် ဆုံးဖြတ်ချက် မချမှတ်ရသေး
6.24.8
ပီအာရွေးကောက်ပွဲ စနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် မည်သည့် ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးကြောင်း ဇွန် ၂၄ ရက်က ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
''ကျွန်တော်တို့ အစည်းအဝေးမှာ ပီအာ ရွေးကောက်ပွဲစနစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပေမယ့် ပီအာစနစ်ကို လက်ခံဖို့ လက်မခံဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဘယ်အချက်တွေကို ပြင်ဖို့ဆိုတာ ဆုံးဖြတ်ချက် မရသေးပါဘူး။ ပီအာစနစ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေက စာတမ်းတွေ ဖတ်သွားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုကော်မတီကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် ပြင်သင့်တယ်ဆိုရင် ပြင်ရမှာပေါ့'' ဟု ဦးဌေးဦးက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြင်ဆင်မည့် အချက်အပေါ် မူတည်၍ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းသာမက လွှတ်တော်နှင့်ပင် မပြီးကြောင်း ပြည်သူများ၏ ဆန္ဒခံယူရမည် ဖြစ်ကြောင်း ဦးဌေးဦးက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြင်ဆင်မည့် အချက်အပေါ် မူတည်၍ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းသာမက လွှတ်တော်နှင့်ပင် မပြီးကြောင်း ပြည်သူများ၏ ဆန္ဒခံယူရမည် ဖြစ်ကြောင်း ဦးဌေးဦးက ပြောကြားသည်။ နိုင်ငံအပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သူများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အများဆုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် တိုင်းပြည်တိုးတက်ရန် မည်သူနှင့်မဆို လက်တွဲဆောင်ရွက်...
နိုင်ငံအပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သူများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အများဆုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် တိုင်းပြည်တိုးတက်ရန် မည်သူနှင့်မဆို လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးဌေးဦးက ပြောကြားသည်။
သို့ရာတွင် အစိုးရဖွဲ့ရေးနှင့် ပတ်သက်၍ ပြောရန် အချိန်စောနေသေးသည်ဟု ပြောကြားသည်။ ထို့အပြင် ပါတီအနေဖြင့် မည်သည့်အချိန်မှ နောက်ကြောင်း ပြန်လှည့်ရန် လုပ်ဆောင်မည် မဟုတ်ဘဲ နောက်ကြောင်း ပြန်လိုသူများ၏ လုပ်ဆောင်ချက်များကိုလည်း ကာကွယ်သွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
''ကျွန်တော်တို့ ဒီစကားကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်မပြုမီ ၂၀၀၆ ခုနှစ်ကတည်းက ပြောလာတာပါ'' ဟု ဦးဌေးဦးက ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ဇွန် ၂၂ ရက်မှ ၂၄ ရက်ထိ နေပြည်တော်တွင် ပြုလုပ်ခဲ့ကာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲစနစ်၊ ဖက်ဒရယ်နှင့် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပညာရှင်များက စာတမ်းများ ဖတ်ကြားခဲ့ကြောင်းနှင့် ယင်းကိစ္စများနှင့် ပတ်သက်၍ ဗဟိုကော်မတီသို့ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ ပါတီဗဟို ကော်မတီဝင်များ၊ ပါတီဝင်များနှင့် မိတ်ဖက်ပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
Monday, June 24, 2013
ကြံ့ခိုင်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် PR စာတမ်းဖတ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီ အများစု ကန့်ကွက်ထားသော အချိုးကျ ကိုယ်စားပြု PR စနစ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် စာတမ်းနှစ်စောင် ဖတ်ကြားခဲ့ကြောင်း အဆိုပါ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်းက The Voioce သို့ပြောကြားသည်။
အဆိုပါ ညီလာခံကို ဇွန်လ ၂၂ ရက် နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ သုံးရက် ကျင်းပသွားမည် ဖြစ်ပြီး အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional Representation) နှင့်ပတ်သက်ပြီး အဓိက ထား ဆွေးနွေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional Representation) စာတမ်းများကို အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြင့်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ပါတီဗဟို ကော်မတီ အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ပါတီဗဟိုကော်မတီ က PR စနစ်၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးနေကြောင်း ဦးအောင်သိန်းလင်းက ဆိုသည်။
“PR စနစ်ကို ဆွေးနွေးတာတော့ မှန်တယ်၊ လွှတ်တော်မှာ အတည်ပြုဖို့ မပြုဖို့တော့ ဆုံးဖြတ်ချက် မချရသေးဘူး”ဟု ၎င်းကရှင်းပြသည်။
ဒီမိုကရေစီစနစ် မရင့်ကျက်သေးသည့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ စနစ်ကို ရှုပ်ထွေးစေနိုင်သော PR ကို ကျင့်သုံးမည် ဆိုပါက ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ငါးပါတီနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီက PR စနစ် ပြောင်းလဲ ကျင့်သုံးရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းခဲ့ပြီး ယင်းစနစ်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၅ ပါတီတို့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြသည်။
PR စနစ်ကို အတည်ပြုပေးရန် ရွေးကော်ပွဲ ကော်မရှင်က မေလ ၁၃ ရက်နေ့တွင် လွှတ်တော်သို့ တင်ပြထားကြောင်း ရွေးကော်ပွဲ ကော်မရှင်က ထုတ်ပြန်ပြီး အဆိုပါစနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အတည် မပြုနိုင်ပါက ပြည်သူများကို ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး ပညာပေး လုပ်ငန်းများ လုပ်ကိုင်ရန် အချိန် မရှိတော့သဖြင့် လက်ရှိစနစ် အတိုင်းသာ ဆက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားပြီး ဖြစ်သည်။
(the voice)
Monday, June 17, 2013
ကယားပါတီသစ်တခု တည်ထောင်
ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နုတ်ထွက်ထားသူတွေစုပြီး ကယားတိုင်းရင်းသားပါတီတခု ထူထောင်လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ကယားပါတီ ၂ ခုကို ရှေဆင့်နောက်ဆင့် တည်ထောင်ခွင့်ပြုလိုက်တဲ့ထဲ ဦးအောင်တင်ပါ ၁၆ ဦး လျှောက်ထားတဲ့  ကယားလူမျိုးစု ဒီမိုကရေစီပါတီဟာ အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။
ပါတီထူထောင်ရတဲ့အကြောင်းကို ဥက္ကဋ္ဌ ဦးအောင်တင်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အနေနဲ့ ကျနော်တို့က ပါခဲ့တယ်လေ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်က ကျနော်တို့အပေါ်မှာ မျှတမှုမရှိလို့ ကျနော်တို့အားလုံးနုတ်ထွက်ပြီး ကယားလူမျိုးစုံဒီမိုကရေစီပါတီ ထောင်လိုက်တာပါ” လို့ ဆိုပါတယ်။
ပါတီရဲ့ မူဝါဒက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်၊ တန်းတူအခွင့်အရေးရှိရမယ်၊ လူမျိုးစုအခွင့်အရေး အပြည့်အ၀ရရှိရမယ်ဆိုတဲ့ အခြေခံမူအပေါ် ရပ်တည်သွားမယ်လို့လည်း ပြောပါတယ်။
ကယားလူမျိုးစုဒီမိုကရေစီပါတီအနေနဲ့ ပြည်နယ်လူထုရဲ့ ထောက်ခံမှုအပြည့်အ၀ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
“လုံးဝယုံကြည်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ကယားပြည်နယ်မှာ ကျနော်တို့အနိုင်ရခဲ့တယ်။ အနိုင်ရခဲ့တဲ့ အဖွဲ့အစည်းကနေမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားခဲ့တယ်။ တပြည်လုံးအတိုင်းအတာဆောင်ပြီး လုပ်ခဲ့တာတောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်ချက်ကို သူတို့လုံးဝအသိအမှတ်မပြုဘူးဆိုတော့ ကျနော်တို့ လုံးဝ စိတ်ကုန်သွားတယ်။ ဒါကြောင့် ကျနော်တို့ ဆက်လုပ်ရင် ကယားတပြည်နယ်လုံး လှုပ်ရှားနိုင်မယ်လို့ ယုံကြည်တယ်။”
ကယားလူမျိုးစုဒီမိုကရေစီပါတီအပြင် နောက်ထပ်တည်ထောင် ခွင့်ပြုလိုက်တဲ့ပါတီက လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဖြစ်ပြီး ၂၀၁၀ ကတည်းက တည်ထောင်ခွင့် လျှောက်ထားခဲ့တဲ့ပါတီဖြစ်တယ်။ အဲ့ဒီတုန်းက တည်ထောင်ခွင့်မပြုဘဲ အခုမှ တည်ထောင်ခွင့်ရတဲ့ပါတီ ဖြစ်တယ်လို့ သိရပါတယ်။
ကယားပြည်နယ်မှာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အခုထပ်ပြီး တည်ထောင်ခွင့်ပြုလိုက်တဲ့ ကယားပါတီ ၂ ခုတို့ ရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ပြည်ခိုင်ဖြိုးပါတီကပဲ တပြည်နယ်လုံး အနိုင်ရထားတာ ဖြစ်ပါတယ်။