Pages

Subscribe:

Tuesday, June 25, 2013

ပီအာစနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်သို့ဆောင်ရွက်ရန် ဆုံးဖြတ်ချက် မချမှတ်ရသေး

6.24.8


ပီအာရွေးကောက်ပွဲ စနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် မည်သည့် ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးကြောင်း ဇွန် ၂၄ ရက်က ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

''ကျွန်တော်တို့ အစည်းအဝေးမှာ ပီအာ ရွေးကောက်ပွဲစနစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပေမယ့် ပီအာစနစ်ကို လက်ခံဖို့ လက်မခံဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဘယ်အချက်တွေကို ပြင်ဖို့ဆိုတာ ဆုံးဖြတ်ချက် မရသေးပါဘူး။ ပီအာစနစ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေက စာတမ်းတွေ ဖတ်သွားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုကော်မတီကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် ပြင်သင့်တယ်ဆိုရင် ပြင်ရမှာပေါ့'' ဟု ဦးဌေးဦးက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြင်ဆင်မည့် အချက်အပေါ် မူတည်၍ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းသာမက လွှတ်တော်နှင့်ပင် မပြီးကြောင်း ပြည်သူများ၏ ဆန္ဒခံယူရမည် ဖြစ်ကြောင်း ဦးဌေးဦးက ပြောကြားသည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြင်ဆင်မည့် အချက်အပေါ် မူတည်၍ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းသာမက လွှတ်တော်နှင့်ပင် မပြီးကြောင်း ပြည်သူများ၏ ဆန္ဒခံယူရမည် ဖြစ်ကြောင်း ဦးဌေးဦးက ပြောကြားသည်။ နိုင်ငံအပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သူများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အများဆုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် တိုင်းပြည်တိုးတက်ရန် မည်သူနှင့်မဆို လက်တွဲဆောင်ရွက်...



နိုင်ငံအပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သူများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အများဆုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် တိုင်းပြည်တိုးတက်ရန် မည်သူနှင့်မဆို လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးဌေးဦးက ပြောကြားသည်။

သို့ရာတွင် အစိုးရဖွဲ့ရေးနှင့် ပတ်သက်၍ ပြောရန် အချိန်စောနေသေးသည်ဟု ပြောကြားသည်။ ထို့အပြင် ပါတီအနေဖြင့် မည်သည့်အချိန်မှ နောက်ကြောင်း ပြန်လှည့်ရန် လုပ်ဆောင်မည် မဟုတ်ဘဲ နောက်ကြောင်း ပြန်လိုသူများ၏ လုပ်ဆောင်ချက်များကိုလည်း ကာကွယ်သွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

''ကျွန်တော်တို့ ဒီစကားကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်မပြုမီ ၂၀၀၆ ခုနှစ်ကတည်းက ပြောလာတာပါ'' ဟု ဦးဌေးဦးက ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ဇွန် ၂၂ ရက်မှ ၂၄ ရက်ထိ နေပြည်တော်တွင် ပြုလုပ်ခဲ့ကာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲစနစ်၊ ဖက်ဒရယ်နှင့် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပညာရှင်များက စာတမ်းများ ဖတ်ကြားခဲ့ကြောင်းနှင့် ယင်းကိစ္စများနှင့် ပတ်သက်၍ ဗဟိုကော်မတီသို့ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ပါတီဗဟို ကော်မတီဝင်များ၊ ပါတီဝင်များနှင့် မိတ်ဖက်ပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

0 comments:

Post a Comment