Pages

Subscribe:

Saturday, November 2, 2013

ကေအိုင်အို ဒု-ဥက္ကဌဟောင်း ဒေါက်တာ တူးဂျာ ပါတီ တည်ထောင်ခွင့်ရ ပါတီ အင်အားစုဆောင်းရေး နှင့် စည်းရုံးရေး စတင်လုပ်ဆောင်နေပြီဖြစ်


  ၂၀၁ဝပြည့် နှစ် အထွေထွေရွေးကောက်ပွဲ တွင် ပါတီတည်ထောင်ခွင့်မရခဲ့ သည့် ဒေါက်တာ တူးဂျာဦးဆောင် သည့်ပါတီ က ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ပါတီဝင်အင် အားစုဆောင်း ရ န်အတွက် စည်း ရုံးရေးလုပ်ငန်းများကို စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

ယခုအချိန်တွင် ပါတီကိုအ ဖွဲ့ဝင် ၁ရ ဦးဖြင့် မှတ်ပုံတင်ထား ပြီး ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံသို့တင်ပြရမည့် ပါတီ ဝင်ဦးရေ ၅ဝဝ ကိုလည်း သုံးလ အတွင်း စုစည်းကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာမနမ်တူးဂျာက ''ပါတီစည်း ရုံးရေးကို မြစ်ကြီးနား အပါအဝင် တနိုင်း၊မိုးကောင်း၊မိုးညှင်း၊ဗန်းမော် စတဲ့မြို့တွေမှာစတင်လုပ်ဆောင်နေပါပြီ''ဟု ပြောသည်။

ပါတီစည်းရုံးရေးလုပ် ဆောင်ရာတွင် ၎င်းတို့နှင့်ဝါသ နာတူသည့်သူများ၊ အများအား ဖြင့် မည်သည့် ပါတီကိုမျှမဝင် ရောက်ရသေးသူများကိုစုစည်း သွားမည်ဖြစ်ကြောင်း၊ ပါတီသို့ အမျိုးသား၊ အမျိုးသမီး၊ လူမျိုး ဘာသာ အကန့်အသတ်မထားဘဲ ဝင်ရောက်နိုင်ကြောင်းသိရသည်။

(ရန်ကုန်တိုင်းမ်)

0 comments:

Post a Comment