Pages
Subscribe:
Tuesday, September 10, 2013
လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီအခင်းအကျင်း နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) သွားရန် အဆင်မပြေနိုင်သေးဟု UNFC အတွင်းရေးမှူးဆို
လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံ ရေးနှင့် ပြုပြင်ပြောင်းလဲလာ သော ဒီမိုကရေစီအခင်းအကျင်း အရသော်လည်းကောင်း၊ စစ်မှန် တိကျသော ဖက်ဒရယ်စနစ်ထူ ထောင်ခြင်းမပြုနိုင်သေးသော် လည်းကောင်း အချိုးကျကိုယ်စား ပြုမှု ရွေးကောက်ပွဲစနစ် (PR) ကို သွားရန် တိုင်းပြည်အနေအထား ဖြင့် သင့်တော်ခြင်းမရှိကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန် ဥက္ကာက ဆိုသည်။
““PR နဲ့ပတ်သက်ပြီး ရွေး ကောက်ပွဲဥပဒေတွေနဲ့ လေ့လာ ခဲ့တယ်။ နောက်ပြီးတော့ PR ကျင့်သုံးတဲ့တိုင်းပြည်တွေကိုလည်း သွားလေ့လာဖူးတယ်။ PR စနစ် ရဲ့ လက္ခဏာကတော့ တကယ် တမ်းအားဖြင့် ကျွန်တော်တို့ နိုင်ငံ အနေအထားနဲ့ကြည့်ရင် တိုင်း ပြည်မှာဒီမိုကရေစီအခင်းအကျင်း နဲ့ (သို့မဟုတ်) ဖယ်ဒရယ်စနစ် အတိအကျနဲ့ တိုင်းပြည်ကိုထူ ထောင်ပြီးပြီဆိုရင်တော့ ဒီစနစ် က သိပ်မဆိုးဘူး။ ဥပမာ ဂျာမနီ မှာ သုံးတာကိုလေ့လာကြည့် တော့ သူက စစ်မှန်တဲ့ ဒီဖယ်ဒ ရယ်စနစ်အောက်မှာ ဖြစ်နေ တယ်။ နောက်ဒီမိုကရေစီစနစ်ကို လည်း အပြည့်အ၀ကျင့်သုံးနေ တယ်။ အဲဒီလို အခြေအနေမျိုး မှာ PR စနစ်ကိုသုံးတော့ အဆင် ပြေမှုရှိတယ်။ ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံမှာတော့ ဘာမှခိုင်မာ ရေရာတဲ့ပုံစံမရသေးဘူး။ ဒါက နံပါတ် (၁) အချက်၊ နံပါတ် (၂) အချက်က ကျွန်တော်တို့ နိုင်ငံ သားတွေဟာ သက်ဆိုင်ရာရွေး ကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတအမြင် အားနည်းနေ သေးတယ်။ ဒီတော့လက်ရှိတိုင်း ပြည်အနေအထားအရ လုံးဝ အဆင်မပြေနိုင်သေးဘူး။ လက်ရှိ မြန်မာပြည်သူတွေရဲ့ ဗဟုသုတ အသိအမြင်က ကိုလိုနီစနစ်က ထွက်ခါစဖြစ်တော့ ပါလီမန်စနစ် အောက်မှာပဲရှိနေသေးတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ လုပ် ထုံးလုပ်နည်းကို နည်းနည်းပါးပါး  နားလည်ကြတယ်”” ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာမှ ပြောကြားသွား ခဲ့သည်။
အဆိုပါအချိုးကျကိုယ်စားပြု မှုစနစ် PR နှင့် ပတ်သက်၍ ဆွေးနွေးမှုများအား သက်ဆိုင်ရာ ပါတီကြီးများအလိုက်သော်လည်း ကောင်း၊ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်နှင့် တိုင်းရင်း သားပါတီများတွေ့ဆုံ၍သော် လည်းကောင်း ဆွေးနွေးမှုများရှိ သော်လည်း အများစုကမူ ယင်း အချိုးကျကိုယ်စားပြုမှုစနစ် PR အားလာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး၌ ကျင့်သုံးရန် လိုမှု သဘောတူညီချင်းမရှိခဲ့ကြ ဘဲ အချို့သော တိုင်းရင်းသား ဒေသများမှ တိုင်းရင်းသားပါတီ ငယ်များကမူ ယင်းတို့၏ အခန်း ကဏ္ဍအတွက် ယင်း PR စနစ်သို့ သွားရန် ဆန္ဒရှိလျက်ရှိနေကြ သည်။         
(hot news)
Monday, August 19, 2013
ကချင်တိုင်းရင်းသားကိုယ်စားပြု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ကိုဒေါက်တာတူးဂျာ ဦးဆာင်၍ မှတ်ပုံတင်မည်
မကြာမှီ ကချင်တိုင်းရင်းသားကိုယ်စားပြုပါတီအဖြစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(Kachin State Democracy Party)အဖြစ်၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း တသီးပုဂလလွတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာတူးဂျာက HotNews weekly ကိုယနေ့ပြောကြားလိုက်ပါတယ်
ကျွန်တော်KIO အဖွဲ့ကို၁၉၇၅ ခုနှစ်ဇွန်(၃၀)ရက်နေ့မိုးကောင်းမြို့ ကနေတဆင့်ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။အဲဒီအချိန်က သွားဘက်ဆက်ဆိုင်ရာဆရာဝန်ပါ။ KIO မှာဆေးရုံအုပ်လုပ်ခဲ့ပါတယ်။KIOကိုယ်စားလှယ်အဖွဲ့၏အတွင်းရေးမှူးအဖြစ် ယိုးဒယား၊ မာနယ်ပလောဘက်မှာကိုးနှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၉၂/၉၃/၉၄ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အမျိုးသားညီလာခံကိုလည်း လေ့လာသူ အဖြစ်တက်ရောက်ခဲ့ပါတယ်။၂၀၀၃ သြဂုတ်လမှာRoad Map ပေါ်လာတော့ကျွန်တော်အပါအ၀င် (၅)ဦးတက်ခဲ့ပါတယ်။၂၀၀၈ မှာ အခြေခံဥပဒေပေါ်လာပြီဖြစ်တယ်။ဒါကြောင့်ကျွန်တော် ၂၀၀၉ စက်တင်ဘာ (၉)ရက်နေ့မှာKIO အဖွဲ့ ဒုဥက္ကဌ (၂)တာဝန်မှ နုတ်ထွက်ခဲ့ပြီး KSPP ပါတီကိုတရားဝင်တည်ထောင်မှတ်ပုံတင်ခဲ့ပါတယ်။ဒါပေမဲ့ ကေအိုင်အိုမှအသွင်ကူးပြောင်းလာလို့ဆိုပြီး ပါတီမှတ်ပုံတင်ထုတ်မပေးခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာတစ်သီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်အရွေးခံဖို့ကြိုးစားခဲ့ရာ မှာတော့မိုးကောင်းမြို့နယ်လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပါတယ်။ သို့သော်ရွေးကောက်ပွဲကျင်းပရန်(၉)ရက်အလိုတွင် နယ်မြေလုံခြုံရေးအရဆိုပြီး ရွေးကောက်ပွဲပြုလုပ်ရန် ရပ်ဆိုင်းထားခဲ့ပါတယ်။
ယခုအခါတစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်မှတရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ရွေးကောက် ပွဲကော်မရှင်မှလည်းတရားဝင်နုတ်ထွက်ခွင့်ပြုကြောင်းစာကို ကျွန်တော်ရရှိပြီးဖြစ်ပါတယ်။
ကျွန်တော်ဟာသူများတွေထူထောင်ထားတဲ့ပါတီကိုဝင်ဘို့ ကေအိုင်အိုမှနုတ်ထွက်ခဲ့တာမဟုတ်ပါဘူး။
ကချင်တိုင်းရင်းသားကိုယ်စားပြုပါတီတစ်ရပ်ထူထောင်ဖို့စောင့်ဆိုင်းနေခြင်းသာဖြစ်ကြောင်း၊ဒါကြောင့် သမိုင်းပေးတာဝန်အရ ကချင်တိုင်းရင်းသားပါတီတစ်ခုအဖြစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ကိုမကြာမှီ မှတ်ပုံတင်ထူထောင်သွားမှာဖြစ်ကြောင်း ဒေါက်တာ တူးဂျာမှ ပြောကြားခဲ့ကြောင်း တင်ပြလိုက်ရပါသည်။
Sunday, August 18, 2013
လာမည့်ရွေးကောက်ပွဲ PR စနစ်ကျင့်သုံးပါက ဖက်ဒရယ်ယူနီယံပါတီထူထောင်မည်
၂၀၁၅ ရွေးကောက်ပွဲ PR စနစ်ကျင့်သုံးပါက ကိုယ်စားလှယ်အရေအတွက်များများရရှိရေးအတွက် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရယ်ယူနီယံပါတီ(FUP)အဖြစ်ထူထောင်သွားမည်ဟု တိုင်းရင်းသားပါတီများထံမှ သိရရှိရသည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးပါက ကိုယ်စားလှယ်အရေအတွက်များများ အနိုင်ရနိုင်ရန်အတွက် ညီနောင် တိုင်းရင်းသားပါတီ(၁၅)ပါတီစုပေါင်း၍ ဖက်ဒရယ်ယူနီယံပါတီအဖြစ် ပြောင်းလဲထူထောင်၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ အင်း တိုင်းရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်၏ပြော ကြားချက်အရသိရသည်။
“၂၀၁၅ရွေးကောက်ပွဲကိုဒီပါတီ နဲ့ဝင်ပြိုင်မှာပါ။ ဒါမှရွေးခြယ်တင်မြှောက်ပွဲမှာ PRစနစ်သုံးခဲ့ရင် ကျွန်တော်တို့ ကိုယ်စားလှယ် အရည်အတွက်များများရမှာပါ၊ အခုလက်ရှိတော့ဖွဲ့စည်းပုံဥပဒေကိစ္စ၊ တိုင်းရင်းသားအခွင့်အရေးကာကွယ်ရေးကိစ္စရပ်တွေရယ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်တွေကိုပဲ အဓိကထားဆောင်ရွက်နေပါတယ်” ဟုအင်းအမျိုးသားဖွံ့ဖြိုးတိုက်ရေးပါ တီဥက္ကဌလည်းဖြစ် အင်းတိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ် သူဦးဝင်းမြင့်ပြောသည်။
ထိုသို့ လုပ်ဆောင်ခြင်းမှာ တိုင်းရင်းသားပါတီများအတွက် ပိုမိုကောင်းမွန်သည့် ပေါင်းစည်းမှုတစ်ခုဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက်ကောင်းမွန်သည့် အကျိုးဆက်များဖြစ်ထွန်းလာနိုင်ကြောင်း ချင်းအမျိုးသားပါတီဥက္ကဌဦးဇိုဇမ်က ပြောသည်။ 
“တိုင်းရင်းသားအချင်းချင်းပေါင်းစည်းမှု၊စည်းလုံးညီညွတ်မှုကိုအခြေခံပါတယ်၊ရလဒ်ကောင်းတွေပေါ်ထွက်လာနိုင်အရမ်းကောင်းမှာပါ”ဟု ၄င်းကဆိုသည်။
အဆိုပါဖက်ဒရယ်ယူနီယံပါတီကိုပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေက ရွေးကောက်ပွဲကော်မရှင်ထံတင်ပြဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်အတွက် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
Thursday, August 8, 2013
၂ဝ၁၅ ရွေးကောက်ပွဲဝင်ဖို့ ညီနောင်တိုင်းရင်းသားပါတီ မှတ်ပုံတင်တော့မည်
forming-the-federal-union-party-305.jpg
ဖက်ဒရယ်ယူနီယံပါတီ(FUP)တည်ထောင်ဖို့ ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)က၊ တောင်ကြီးမြို့မှာ ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံဆွးနွေးပွဲကျင်းပခဲ့စဉ်
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ယူနီယံပါတီ (FUP) ကို အခုသြဂုတ်လအတွင်း မှတ်ပုံတင်သွားမယ်လို့ မနေ့က ရန်ကုန်မြို့၊ လမ်းမတော်ကွန်ဒိုမှာပြုလုပ်တဲ့ ဖက်ဒရယ်ယူနီယံပါတီ တည်ထောင်ရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဖယ်ဒရယ်ယူနီယံပါတီကို အခုလအတွင်းမှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး FPUပါတီက ပြောရေးဆိုခွင့်ရသူ ဦးစောသန်းမြင့်က RFAကိုအခုလိုပြောပါတယ်။
"မကြာခင်မှာ ပါတီသစ်ကို မှတ်ပုံတင်မယ့် ကိစ္စလေးတွေ ကျနော်တို့ လျာထားတာပေါ့လေ၊ ဒါပေမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေကို အခုမှစတွေ့တယ်ဆိုတော့လေ၊ အားလုံးတော့ အမြန်ဆုံးတင်နိုင်ဖို့တော့ ကြိုးစားကြမယ်လို့ မနေ့က ဆုံးဖြတ်ထားကြတာပေါ့နော်၊ အခုလက်ရှိ သူတို့လျာထားတဲ့ဥစ္စာတွေက သူတို့ပါတီက အရင်ဆုံးထွက်ပြီးတော့ အခုဖွဲ့မည့်အထဲကို ဝင်ရတာပေါ့နော်”
လာမယ့် ၂၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားညီနောင်ပါတီတွေ ဝင်ရောက်မယှဉ်ပြိုင်နိုင်တဲ့ မြေပြန့်ဒေသက တိုင်းရင်းသားတွေရဲ့ မဲဆန္ဒတွေရရှိနိုင်ဖို့အတွက်လည်းရည်ရွယ်ပြီး ဖက်ဒရယ်ယူနီယံပါတီ FUP ကို တည်ထောင်ရတာဖြစ်တယ်လို့ သိရပါတယ်။
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးအဖွဲ့င်ပါတီတွေကတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီစတဲ့ပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားတာပါ။ အခုအသစ်ဖွဲ့ထားတဲ့ ဖက်ဒရယ်ယူနီယံပါတီအဖွဲ့င်အဖြစ် အဲဒီ ၁၅ ပါတီက အနည်းဆုံးတစ်ပါတီကို တစ်ယောက်အဖွဲ့င်ဖြစ်ရမှာဖြစ်ပြီး မိခင်ပါတီက နှုတ်ထွက်ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဆွေးနွေးညှိနှိုင်းမှုတွေအပြီး ဖက်ဒရယ်ယူနီယံပါတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
Monday, July 22, 2013
၂၀၁၅ ရွှေးကောက်ပွဲမှာ မျှတမှုရှိအောင် ကြိုစားမယ်ဟု ဦးရွှေမန်းပြော
၂၀၁၅ ​ခုနှစ် ​အထွေထွေရွေးကောက်ပွဲကို ​တရားမျှတမှု ​အရှိဆုံးဖြစ်အောင်လုပ်ဆောင်ဖို့နဲ့ ​၂၀၀၈ ​ခုနှစ်ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်နိုင်ရေးကိစ္စတွေအတွက် ​ပြည်သူ့လွှတ်တော်ဥက္ကဌ ​သူရဦးရွှေမန်းနဲ့ ​ဒေါ်အောင်ဆန်းစုကြည်တို့ ​ဟာ ​နှစ်ဦး ​ပူးတွဲပြီးတော့ ​ဇူလိုင်လ ​၁၈ ​မနက်ပိုင်းမှာ ​ပြည်သူ့လွှတ်တော်မှာ ​သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
၂၀၀၈ ​ခုနှစ်ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်နိုင်ရေး ​ကိစ္စကို ​ဒေါ်အောင်ဆန်းစုကြည်က ​အလေး ​ထား ​ပြောခဲ့ပြီးတော့ ​၂၀၁၅ ​ခုနှစ် ​အထွေထွေရွေးကောက်ပွဲ ​ကို ​တရားမျှတမှု ​အရှိဆုံးဖြစ်အောင် ​လုပ်သွားမယ် ​ဆိုပြီး ​တော့ ​လည်း ​ပြည်သူ့ ​လွှတ်တော် ​ဥက္ကဌ ​သူရ ​ဦးရွှေမန်း ​ကပြောပါတယ်။
၂၀၁၅ ​ရွေကောက်ပွဲမတိုင်ခင်မှာ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်ပြီးရင် ​ပြည်သူကရွေးချယ်တဲ့ ​လူကို ​သမ္မတ ​အဖြစ် ​လက်ခံရ ​မှာဖြစ်တယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောခဲ့ပါတယ်။
အခုလို ​ပြည်သူ့ ​လွှတ်တော် ​ဥက္ကဌ ​နဲ့ ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​လည်းဖြစ်၊ ​အမျိုးသားဒီမို ​ကရေစီ ​အဖွဲ့ချုပ် ​ဥက္ကဌ ​လည်း ​ဖြစ်တဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​တို့ ​၂ ​ဦးဟာ ​ပထမဆုံး ​အကြိမ် ​ပူးတွဲ ​သတင်းစာ ​ရှင်းလင်း ​ပွဲ ​ပြုလုပ်တာလည်း ​ဖြစ်ပါတယ်။
၂၀၁၅ ​မှာ ​နိုင်ငံတော် ​ဒေါ်အောင်ဆန်းစုကြည် ​နိုင်ငံတော် ​သမ္မတ ​ဖြစ်လာဖို့ ​အတွက် ​နဲ့ ​လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲ ​တစ်ရပ် ​ဖြစ်ဖို့ဆိုရင် ​ဖွဲ့စည်းပုံ ​ပြင်ဆင်ဖို့ ​ကို ​အဓိကလုပ်ဆောင်ပေးပါလို့ ​ဒေါ်အောင်ဆန်းစုကြည် ​က ​သတင်းစာရှင်းလင်း ​ပွဲ ​အတွင်းမှာ ​တရားဝင် ​အခုလို ​တောင်းဆို ​ခဲ့ပါတယ်။
တကယ်ဆိုလို့ရှိရင် ​မှန်မှန်ကန်ကန် ​ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် ​မျှတအောင်လုပ်ပေးရမှာပေါ့၊ ​အဲတော့ ​ဥက္ကဌကြီးအနေနဲ့ ​ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုလို့ရှိရင် ​ကျမသမ္မတဖြစ်နိုင်အောင်လို့ ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြောင်းလဲရေးကိုလည်း ​လုပ်ပေးရမှာပေါ့၊ ​အဲဒီလိုမလုပ်ပေးရင် ​အဲဒါကမှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ​ဒီလိုပဲကျမက ​သတ်မှတ်ရမှာပဲ၊
ဒေါ်အောင်ဆန်းစုကြည်က ​အခုလို ​၂၀၁၅ ​မှာ ​ သူ့အနေနဲ့ ​သမ္မတ ​ဖြစ်ဖို့ ​အလား ​အလာတွေ ​အများကြီးရှိတယ်လို့ ​ပြောဆိုလာတဲ့ ​အပေါ်မှာ ​သူရ ​ဦးရွှေမန်း ​ကလည်း ​အခုလို ​တုန့်ပြန်ပြောဆိုခဲ့ပါသေးတယ်။
" ​လာမယ့်ရွေးကောက်ပွဲမှာ ​တစ်ဖက်က ​အနိုင်ရရှိအောင် ​လုပ်မယ် ​လို့ပြောပါတယ်။ ​အဲ့ဒီ့တော့ ​ဥက္ကဋ္ဌအနေနဲ့ပြောချင်တာကတော့ ​ပိတ်ကားပေါ် ​မှာ ​စောင့်ကြည့်ပါပေါ့နော်။ ​နောက်တခု ​က  ​ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ​လာမယ့်ရွေးကောက်ပွဲမှာ ​အမျှတဆုံးဖြစ်အောင် ​ဥက္ကဋ္ဌ ​လုပ်ပေးပါဆိုတာကို ​အဖြစ်နိုင်ဆုံး၊ ​အမျှတဆုံးဖြစ်အောင်ဥက္ကဋ္ဌကြီးက ​ကြိုးစားပါ့မယ်။ ​"
မကြာသေးခင် ​ကပြည်သူ့လွှတ်တော် ​ဥက္ကဌ ​သူရ ​ဦးရွှေမန်း ​က ​လာမဲ့ ​၂၀၁၅ ​ရွေးကောက်ပွဲမှာ ​ပြည်ခိုင်ဖြိုး ​အနေနဲ့ ​မဲ ​အပြတ်အသတ် ​နဲ့နိုင်ဖို့ ​မရှိဘူးဆိုရင် ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​နဲ့ ​ညွှန့်ပေါင်း ​အစိုး ​ရ ​ဖွဲ့ ​နိုင်ဖို့ ​အသင့် ​ရှိတယ်လို့ ​အမေရိကန် ​နိုင်ငံကို ​သွားရောက်စဉ်တုန်း ​က ​ပြောခဲ့ပါတယ်။
သူရ ​ဦးရွှေမန်းနဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​တို့ဟာ ​လာမဲ့ ​၂၀၁၅ ​အထွေထွေ ​ရွေးကောက်ပွဲ ​မှာ ​နိုင်ငံတော် ​သမ္မတ ​ဖြစ်ချင်တယ်ဆိုပြီး ​ပြောဆိုထားမှု ​တွေ ​လည် ​ရှိတဲ့ ​အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​တင်ထွဋ်နိုင် ​က ​သတင်းပေးပို့ ​ထားပါတယ်။
Wednesday, June 26, 2013
အချိုးကျ ကိုယ်စားပြု ပီအာစနစ်ကို အကောင်အထည်ဖော်ရန် သမ္မတအကြံပေး အဖွဲ့က သမ္မတအား တိုက်တွန်းထားသော်လည်း စနစ်မှာ ရှုပ်ထွေး၍ ရွေးကောက်ပွဲ ကော်မရှင်မှ မလုပ်လို
6.24.1
အချိုးကျ ကိုယ်စားပြု စနစ်အား အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတအား သမ္မတ၏ အကြံပေးအဖွဲ့မှ တိုက်တွန်းထားကြောင်း The Educational Initiatives မှ Mr. Igor Blazevic က ပြောကြားသည်။
''သမ္မတရဲ့ အကြံပေးအဖွဲ့နဲ့တွေ့တော့ သူတို့က ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတယ်လို့ ပြောခဲ့တယ်။ ရွေးကောက်ပွဲကော်မရှင်က လူတွေနဲ့ စကားပြောကြည့်တော့ ဒီစနစ်က အရမ်းရှုပ်လို့ မလုပ်ချင်ဘူး ပြောပါတယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။
''အချိုးကျ ကိုယ်စားပြု စနစ်မှာဆိုရင် မဲဆန္ဒနယ် အကြီးကြီး သတ်မှတ်ပြီး ကိုယ်စားလှယ် ၁၀ ဦးဆိုပါတော့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရာခိုင်နှုန်း ၅၀ မဲရမယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရာခိုင်နှုန်း ၃၀ မဲရမယ်။ ကျန်တဲ့ ပါတီငယ်လေးတွေနဲ့ တိုင်းရင်းသားပါတီတွေက ရာခိုင်နှုန်း ၂၀ ရမယ်ဆိုရင် ပါတီတိုင်း လွှတ်တော်အတွင်း ရောက်သွားမယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။
ပီအာစနစ်ကို ကျင့်သုံး အကောင်အထည်ဖော်မည် ဆိုပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ အနေအထားများအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲရာခိုင်နှုန်း ၄၀ ခန့်၊ လက်ရှိအာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲရာခိုင်နှုန်း ၂၀ ခန့်နှင့် ကျန်ပါတီငယ်များမှာ ရာခိုင်နှုန်း ၂၀ ခန့် မဲရနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
''အချိုးကျ ကိုယ်စားပြုစနစ်က သူ့ဘာသာဆိုရင် မဆိုးပေမယ့် မြန်မာနိုင်ငံအတွက် ဆိုးနေတာက လွှတ်တော်တွင်းမှာ တပ်မတော်သား ရာခိုင်နှုန်း ၂၅ ရှိနေတာပါ။ ပြည်ခိုင်ဖြိုးအနေနဲ့ အခုထက် ပိုကြိုးစားရင် ၂၀၁၅ မှာ ရာခိုင်နှုန်း ၂၀ အထက် ရသွားနိုင်တယ်။ ရှိနှင့်ပြီးသား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင် ၅၀ ရာခိုင်နှုန်းနီးပါး ဖြစ်သွားမယ်။ သူတို့ အစိုးရဖွဲ့ဖို့လိုတဲ့ ငါးရာခိုင်နှုန်းလောက်ကို ပါတီငယ်လေးတွေနဲ့ တိုင်းရင်းသား ပါတီတွေဆီကနေ မက်လုံးပေးတာမျိုးဖြစ်ဖြစ်၊ မင်း မဲဆန္ဒနယ်တွေကို ဘာမှ ထောက်ပံ့ မပေးဘူးဆိုတာမျိုး ခြိမ်းခြောက်တာမျိုး ဖြစ်ဖြစ်နဲ့ အစိုးရအဖွဲ့ ဖွဲ့နိုင်အောင် လုပ်သွားလိမ့်မယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ပါတီငယ်များ များပြားနေရန် လိုအပ်ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လက်ရှိကာလတွင် ပါတီငယ်များ ဖွဲ့စည်းစေရန် လုပ်ဆောင်စေမည်ဖြစ်ပြီး ထိုသို့ ပါတီငယ်များ များပြားလာခြင်းဖြင့် ပြိုင်ဘက် အတိုက်အခံ ပါတီ၏ မဲရရှိမှုကို လျော့ချနိုင်မည် ဖြစ်သကဲ့သို့ အစိုးရအဖွဲ့ဖွဲ့ရန် လိုအပ်နေသည့် မဲများကိုလည်း ရယူနိုင်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
''အခုအချိန်မှာ အစိုးရအဖွဲ့ အနေနဲ့ လူတိုင်းကို ပါတီထောင်စေ ချင်နေမှာပဲ။ ဒီလို ပါတီတွေများလာရင် ပါတီရပ်တည်နိုင်ဖို့ ရန်ပုံငွေ အခက်အခဲတွေ များလာနိုင်သလို သူတို့အနေနဲ့ အတိုက်အခံ ပါတီကိုလည်း မဲရရှိမှု လျော့ချနိုင်လိမ့်မယ်'' ဟု Mr. Igor Blazevic က ဆက်လက် ပြောကြားသည်။
လက်ရှိ အာဏာရပါတီ အနေဖြင့် ပါတီငယ်များ အများအပြား ထူထောင်ရန် လုပ်ဆောင်မည် ဖြစ်သော်လည်း ပါတီငယ်များ စုပေါင်း၍ အတိုက်အခံ အင်အားစု တစ်ခုအဖြစ် ကြီးထွားလာမည်ကို နှစ်လိုမည် မဟုတ်ဘဲ ထိုသို့ ညွန့်ပေါင်းအင်အားစု တစ်ခုအဖြစ် ပေါ်ထွက်မလာစေရန် ကြံဆောင်မည် ဖြစ်ကြောင်းလည်း ယင်းက သုံးသပ်သည်။
''အချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည် ပေါ်လာတာနဲ့ ပါတီငယ်လေးတွေ သူတို့ဆွဲဆောင်မှုနောက် ပါမသွားအောင် အတတ်နိုင်ဆုံး ကာကွယ်ရမယ်'' ဟု Mr. Igor Blazevic က ဆက်လက် ပြောကြားခဲ့သည်။
အချိုးကျ ကိုယ်စားပြုစနစ်အား မြန်မာနိုင်ငံတွင် ကျင့်သုံးရန် လက်ရှိ အာဏာရပါတီ အပါအ၀င် ပါတီငယ်အချို့မှ လိုလားနေသော်လည်း အင်အားကြီး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများမှာ အဆိုပါ စနစ်အား လက်မခံနိုင်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။
(eleven)